AB News – မတ် ၂၈ ၊ ၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ ငွေစာရင်းစစ်ချုပ်ရုံးပြိုကျခဲ့ပြီး မြန်မာလုပ်သားအများအပြားပိတ်မိနေကြောင်း သိရှိရသည်။
ယနေ့ မတ်လ ၂၈ ရက်၊ နေ့လည်ပိုင်းအချိန်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အထပ် ၃၀ ရှိ ဆောက်လုပ်ဆဲ ငွေစာရင်းစစ်ချုပ်ရုံးပြိုကျခဲ့ပြီး အဆောက်အဦးထဲတွင် မြန်မာလုပ်သားအပါအဝင် အလုပ်သမား ၄၀ ကျော်ခန့် ပိတ်မိနေကြောင်းသိရသည်။
လက်ရှိတွင် အဆောက်အအုံထဲ ပိတ်မိနေသူများအချို့ကို ကယ်ဆေးရေးအဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြာင်းသိရသည်။
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိသည့်အပြင် လူသေဆုံးမှုများလည်း ရှိခဲ့သည့်အတွက်ကြောင့် မြို့တော် ဘန်ကောက်ကို အရေးပေါ်ဧရိယာအဖြစ် ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝတ်ဘ က ကြေညာလိုက်သည်။