Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် အစိုးရ ARSA ကို တိုက်ထုတ်နေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ အုခီးယားမြို့နယ်၊ လာပါဟာ နယ်မြေအတွင်း Arakan Rohingya Salvation Army (ARSA) အကြမ်းဖက်အဖွဲ့ အခြေချတပ်စွဲထားသည့်နေရာများကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ARSA အဖွဲ့ဝင် ၂ဦးကို လက်ရဖမ်းဆီးမိကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာန bdnews24 တွင် ဖော်ပြထားသည်။ 

ကော့ဘဇား (ဖလောင်းချိတ်) အခြေစိုက် အလျင်​မြန်လှုပ်ရှားမှုတပ်ရင်း RAB-RAB15 သည် ကူတူပါလောင်ဒုက္ခသည်စခန်းအနီးတွင် ယနေ့ မေလ ၁၅ရက်၊ နံနက်အစောပိုင်းက စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း တပ်ရင်း၏လက် ထောက်ညွှန်ကြားရေးမှူးနှင့် ရဲမှူး Md Abu Salam Chowdhury က ပြောသည်။

ဖမ်းဆီးမိထားသူများ၏  အမည်နှင့် အထောက်အထားများကို လက်ရွေးစင်တပ်ဖွဲ့က အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဆိုထားသည်။

“အင်္ဂါနေ့ညက ARSA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ရဲ့  အဖွဲ့ဝင်တွေဟာ ဝေးလံခေါင်သီတဲ့ Lal Pahar တောင်ကုန်းဧရိယာမှာ ပုန်းအောင်းနေတယ်ဆိုတာကို RAB က သိရှိခဲ့ပါတယ်” ဟု RAB အရာရှိ Abu Salam က ပြောသည်။ “အဲဒီနောက်မှာ စစ်ဆင်ရေးတွေ အများကြီးလုပ်တယ်။” ဆိုသည်။

“တစ်ချိန်တည်းမှာ ARSA အဖွဲ့ဝင်တွေက သူတို့ကို သတိထားမိခဲ့တယ်။ ပြန်လည်ပစ်ခတ်နိုင်ဖွယ်ရှိတဲ့  သံသယဖြစ်ရာ နေရာတွေကို  RAB တပ်ဖွဲ့ဝင်တွေ ဝိုင်းရံထားခဲ့ပါတယ်။ RAB  မိမိကိုယ်ကို ခုခံကာကွယ်မှုဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။” ထပ်မံပြောဆိုထားသည်။

ပစ်ခတ်မှုကြောင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြသည့် ARSA အဖွဲ့ဝင် နှစ်ဦးကို ဖမ်းမိခဲ့သည်။ ထို့နောက်တွင် ARSA ပုန်းအောင်းနေသည့်နေရာကို ရှာဖွေခဲ့ပြီး လက်နက်များ၊ လက်ပစ်ဗုံးများနှင့် ဒုံးပျံအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြောင်း RAB အရာရှိက ပြောကြားသည်။

RAB သည် အခင်းဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်ကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်အထိ စစ်ဆင်ရေးဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကူတူပါလောင် ဒုက္ခသည်စခန်းမှ အမျိုးသား ၅၀၀၀ ကျော်အား အာဏာသိမ်းစစ်ကောင်စီထံ စစ်မှုထမ်းဆောင်ရန် ARSA အဖွဲ့မှ ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ARSA အကြမ်းဖက်အဖွဲ့သည် ရက္ခိုင်ပြည်ရှိ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် ARSA အဖွဲ့သည် မြန်မာနိုင်ငံ၌ အကြမ်းဖက်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းပြီး ဘူးသီးတောင်နှင့် မောင်တောမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ဒေသခံများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ