AB News-မတ် ၂၀၊ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မူဆလင် ဒုက္ခသည်စခန်းတွေကို ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ် ရောက်ရှိလာပြီး ၂ ရက်အကြာမှာ ARSA အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နှင့် ရက္ခိုင်ဒေသတွေမှာ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင် အာတာအူလာ အပါအဝင် ၇ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေကြတဲ့ မူဆလင် ဒုက္ခသည်တွေဟာ နေရပ်ပြန်ချင်နေကြပြီး ကုလအကြီးအကဲနဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ မူဆလင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အရေး အာရက္ခတပ်တော်နဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ သိရှိရပါတယ်။ သို့ပေမယ့်လည်း မူဆလင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အရေး လက်တွေ့မှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းပြီး အကောင်အထည် ဖောင်ဆောင်နိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။