Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shamlapurနယ်မြေရှိတောင်ကုန်းတစ်ခု၌ ARSAတပ်ဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးနှင့် အဖွဲ့ဝင်၆ယောက်အဖမ်းခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shamlapurနယ်မြေရှိတောင်ကုန်းတစ်ခု၌ ARSAတပ်ဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးနှင့် အဖွဲ့ဝင်၆ယောက်အဖမ်းခံရ

ABN-နွယ်စိုး

ဇူလိုင် ၂၂ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ Shamlapurနယ်မြေရှိ တောင်ကုန်းတစ်ခုတွင် ဇူလိုင်လ ၂၁ ရက်နေ့က ARSA အဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးအပါအဝင် ARSA အဖွဲ့ဝင် ခြောက်ဦးကို ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Rabအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်းပြောကြားခဲ့သည်။

ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Rab အဖွဲ့သည် Shamlapur နယ်မြေရှိ တောင်ကုန်းတစ်ခုသို့ ယမန်နေ့ညက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း Rab အဖွဲ့၏ ဥပဒေရေးရာနှင့် မီဒီယာအဖွဲ့ ဒါရိုက်တာ Khandaker Al Moin က ယနေ့ Cox’s Bazar စခန်းတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ထိုထောက်လှမ်းရေးတပ်ဖွဲ့ဝင်များသည် ARSA လက်နက်ကိုင်အဖွဲ့၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သည့် အသက် ၂၈ နှစ်အရွယ် Hafiz Nur Mohammad အပါအဝင် နောက်ထပ်အဖွဲ့ဝင် ၆ ယောက်ကိုလည်း သေနတ်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း Rab အရာရှိက ပြောကြားခဲ့သည်။

Hafiz သည် အဖွဲ့ဝင် ၆၅ ဦး ပါဝင်သော ရာဇ၀တ်ဂိုဏ်းတစ်ခုကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပြန်ပေးဆွဲမှု၊ ပြန်ပေးဆွဲမှုနှင့် ငွေညှစ်မှုအပါအဝင် ရာဇ၀တ်မှုများကို ကျူးလွန်ခဲ့သည်။

ARSA အဖွဲ့ဝင်များသည်ဘင်္ဂလားဒေ့ရှ်ရှိ ဒေသခံများအပေါ် လူသတ်မှု ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုများဖြင့် ငွေညှစ်လေ့ရှိပြီး ရဲ့၄င်းတို့၏ တောင်းဆိုချက်များကို မလိုက်လျောရင် လူများကို ပြန်ပေးဆွဲ သို့မဟုတ် သတ်ပစ်ပြီး အလောင်းများကို တောင်ကုန်းများ၌ ဝှက်ထားကြောင်း Rabအရာရှိကပြောကြားခဲ့သည်။

တပ်မှူးဖြစ်သည့် Hafiz သည် ၂၀၁၆ ခုနှစ်တွင် ARSA ၏တပ်မှူးအဖြစ်ဝင်ရောက်ခဲ့ပြီး ARSA စစ်တောင်ပံအကြီးအကဲ Ostad Khaled နှင့် အဆက်အသွယ်ရှိခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။

၎င်းသည် ၂၀၁၇ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာပြီး စခန်း ၈ ခု ၏ လူထုခေါင်းဆောင်အဖြစ် စတင်တာဝန်ယူခဲ့ပြီး Kutupalang စခန်းရှိ ARSA ၏ ထိပ်တန်းတပ်မှူးများထဲမှ တစ်ဦးဖြစ်လာခဲ့ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ARSAအဖွဲ့ဝင်အားလုံးအားကို Cox`s Bazar ဒုက္ခသည်စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်းသိရသည်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ