သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားဒေသတွင် ဟာမွန်း ဆိုင်ကလုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ

ABN-နွယ်စိုး

အောက်တိုဘာ ၂၆ ရက်

အင်္ဂါနေ့ညက ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဟာမွန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကော့ဘဇားဒေသမှာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ပြောကြားခဲ့သည်။

အဆိုပါ ဟာမွန်းဆိုင်ကလုန်းမုန်တိုင်းကြောင့်

Cox’s Bazar ခရိုင်တွင် လူ၃ ယောက်သေပြီး ၆၃ ဒဏ်ရာရရှိခဲ့ကာ ထိုအထဲမှ ၁၈ ယောက် ဆေးရုံမှာ တင်ထားရကြောင်း ဟု Cox’s Bazar ၏ လက်ထောက်ကော်မရှင်နာ Muhammad Shaheen Imran က Anadolu သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ကော့ဘဇား အာဏာပိုင်များသည် ဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ လူပေါင်း ၄၀,၀၀၀ ကျော်ကို အစိုးရ ကယ်ဆယ်ရေး စခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။

Cox’s Bazar တွင် နေအိမ်များ အပြင်းအထန် ပျက်စီးခဲ့ပြီး လူ ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း Cox’s Bazar သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးအရာရှိ Md Jahangir Alom က Anadolu သို့ ပြောကြားခဲ့သည်။

ဟာမွန်းဆိုင်ကလုန်းမုန်တိုင်းကြောင့်မိုးသည်းထန်စွာရွာသွန်း၍ ကော့ဘဇားခရိုင်ရှိ ကမ်းရိုးတန်းကျေးရွာများနှင့် ကျွန်းများမှာ လျှပ်စစ်ဓာတ်အားလိုင်းများ နှင့် မိုဘိုင်းကွန်ရက်များပြတ်တောက်သွားခဲ့သည်။

တောင်အာရှ အနိမ့်ပိုင်းဒေသများမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်သည့် မုန်တိုင်းများဖြစ်ပေါ်နေပြီး၊ ဆိုင်ကလုန်း ဟာမွန်သည်လည်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းသို့ နောက်ဆုံး ဝင်ရောက်တိုက်ခတ်သော မုန်တိုင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ကျွမ်းကျင်သူ Muhammad Abul Kalam Mallikမှ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနမှ ကျွမ်းကျင်သူ Muhammad Abul Kalam Mallik အနေဖြင့် မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှာ စစ်တကောင်းနှင့် ကော့ဘဇားကမ်းရိုးတန်းခရိုင် ကုန်းတွင်းပိုင်းများသို့ လေတိုက်နှုန်း (၆၅ မိုင်) အထိ တိုက်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

လက်ရှိမှာ ဟာမွန်းဆိုင်ကလုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွေ့လျားပြီး တဖြည်းဖြည်း အားပျော့သွားဖွယ်ရှိကြောင်း ၄င်း က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ