Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရ

ABN-နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်းတွင် တနင်္ဂနွေနေ့က အရှိန်ဟုန်ပြင်းပြင်း မောင်းလာသည့် ဘတ်စ်ကားတစ်စီးသည် ယာဥ်မတော်တဆဖြစ်ပွားခဲ့မှုကြောင့် လမ်းဘေးမြောင်းထဲသို့ ကျသွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦးသေဆုံးကာ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ဘတ်စ်ကားသည် အနောက်တောင်ပိုင်း Khulna မှ မြို့တော် ဒါကာ သို့ ထွက်ခွာလာစဥ် Madaripur ခရိုင် အဝေးပြေးလမ်းမကြီးရှိ Shibchar ဧရိယာသို့ရောက်ရှိချိန်တွင် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဝေးပြေး ရဲအရာရှိ Abu Nayeem Mofazzal Huq မှ ပြောကြားခဲ့သည်။

ထိုဖြစ်ပွားမှုတွင် ဘတ်စ်ကားယာဥ်မောင်းသူ အပါအဝင် လူ ၁၄ ဦး အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၄င်းကပြောကြားခဲ့ပြီး နောက်ပိုင်းတွင် လူ ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း United News Of Bangladesh အေဂျင်စီက ပြောကြားခဲ့သည်။

မတော်တဆဖြစ်ပွားခြင်း အကြောင်းအရင်းကို မသိရသေးပေ။

ထို့အပြင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံတွင် လမ်းစည်းကမ်း တင်းကျပ်ခြင်း၊ ကြမ်းတမ်းစွာ မောင်းခြင်းနှင့် အရှိန်လွန်မောင်းခြင်းတို့ကြောင့် နှစ်စဥ်နှစ်တိုင်း ယာဥ်မတော်တဆဖြစ်ပွားလေ့ရှိပြီး လူ ၈၀၀၀ ခန့် သေဆုံးလျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ