Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရ

ABN-နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဒက္ကာမြို့တော်ရှိ ကူးသန်း‌ရောင်းဝယ်ရေးဆိုင်အနီး ငါးထပ်တိုက်အဆောက်အအုံတစ်ခုတွင် မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သောကြောင့် လူ ၁၇ ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့‌ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုမှာ Gulistan ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပျက်စီးနေသော အဆောက်အအုံရှေ့တွင် ၂၅ ဦးခန့်မှာ လမ်းပေါ်တွင် လဲလျောင်းပြီး အော်ဟစ်အကူညီတောင်းသံကို ကြားခဲ့ရကြောင်း အနီနားရှိ ဆိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထိုပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၁၇ ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် သေဆုံးသူဦး‌ရေ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာတွင် မီးသတ်တပ်ဖွဲ့ ၁၁ဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေကြောင်း မီးသတ်ဌာနမှ အရာရှိ Rashed Bin Khaled မှ ပြောခဲ့သည်။

ထိုပေါက်ကွဲမှုဖြစ်ပွားချိန်မှာ မတ်လ ၇ ရက်နေ့ အင်္ဂါနေ့ ညနေ၅ နာရီ မထိုးခင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ပွားခဲ့သည့်နေရာသည် ပစ္စည်းရောင်းဆိုင်များနှင့် အခြားစီးပွားရေးလုပ်ငန်းမျာကို လုပ်ဆောင်နေသော ရပ်ကွက်ဖြစ်ကြောင်းသိရသည်။

ပေါက်ကွဲမှုဖြစ်ခဲ့ရသည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံးစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းနှင့် ထိုအဆောက်အဦအနီးတွင် ဗုံးဖောက်ခွဲသည့် အဖွဲ့တစ်ဖွဲ့ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အဆောက်အဦပေါက်ကွဲရခြင်းနှင့်ပတ်သက်၍ အနီးရှိ ဆေးရုံတစ်ရုံမှ တာဝန်ရှိသူတစ်ဦးက မ‌တော်တဆကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ကလည်း ဘင်္ဂလား‌‌ဒေ့ရှ်နိုင်ငံ ၊ ကော့ဇ်ဘဇားမှ ဘာလုခါလီ မှုဆလင် ဒုက္ခသည် စခန်းမီးလောင်မှုဖြစ်ပွားခဲ့သော ကြောင့် မိသားစု ၃၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ အိမ်ခြေ ၂၅၀၀ကျော်နှင့် လူပေါင်း ၁၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ