Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ ICC ရှေ့နေချုပ် လာရောက်ပြီး နာရီပိုင်းအကြာတွင် မူဆလင် ဒုက္ခသေ ၅ ဦး သတ်ဖြတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ ICC ရှေ့နေချုပ် လာရောက်ပြီး နာရီပိုင်းအကြာတွင် မူဆလင် ဒုက္ခသေ ၅ ဦး သတ်ဖြတ်ခံရ

ABN-နွယ်စိုး

ဇူလိုင် ၈ ရက်

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ မူဆလင် ဒုက္ခသည်စခန်းကို ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး၏ ရှေ့နေ Karim AA Khan လာရောက်ပြီး နာရီပိုင်းအကြာတွင် စခန်းအတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ကာ မူဆလင် ဒုက္ခသည် ၅ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲဝင်များက ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းရင်းများမှာ စခန်းအတွင်း ပြိုင်ဖက်များ​​ဖြစ်ကြ​သော ARSAမူဆလင်လွတ်မြောက်ရေးတပ်နှင့် RSOမူဆလင်သွေးစည်းညီညွတ်ရေးအဖွဲ့နှစ်ခု အပြန်အလှန် တိုက်ခတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

သေဆုံးသွားသူ ငါးဦးသည် ARSA အဖွဲ့ဝင်များ ဖြစ်ကြပြီး ထိုသေဆုံးသူများထဲတွင် ARSA တပ်မှူးတဦးပါဝင်သည်ဟု စခန်းလုံခြုံရေးယူထားသော ရဲတပ်ရင်း ပြောခွင့်ရသူ Faruq Ahmed က ပြောကြားခဲ့သည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စခန်းအတွင်း လုံခြုံရေးများကို တင်းကြပ်ထားကြောင်း သိရသည်။

ထို့အပြင် ပစ်ခတ်မှုမဖြစ်ပွားမီ ဒုက္ခသည်စခန်းခေါင်းဆောင်တဦးဖြစ်သော Ebadullah အသတ်ခံရပြီး နာရီပိုင်းအတွင်း၌ ပစ်ခတ်မှုများ​ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲဝင်များကပြောကြားခဲ့သည်။

အသက် ၂၇နှစ်အရွယ် Ebadullah သည် ကြာသပတေးနေ့က စခန်းကိုလာရောက်ခဲ့သည့် ICC ရှေ့နေ Karim A.A Khan နှင့် အခြား ဒုက္ခသည်များ တွေ့နိုင်အောင် စီစဉ်ပေးခဲ့သူတစ်ဦးဖြစ်သည်။

စခန်းသို့လာရောက်ခဲ့သည့် ICC ရှေ့နေအနေဖြင့် စခန်းခေါင်းဆောင် Ebadullah အပါအဝင် ငါးဦးအသတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တစုံတရာပတ်သက်မှုမရှိဟု မြို့တော်ဒါကာတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး