Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ၅၅ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများ ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် လူ၅၅ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများ ပြောကြား

ABN-နွယ်စိုး

သြဂုတ်-၁၅ ရက်

သြဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ကာ အနည်းဆုံး လူ ၅၅ ဦး သေဆုံးခဲ့၍ တစ်သန်းကျော် ထိခိုက်ခဲ့ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက သြဂုတ်လ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။

ဩဂုတ်လ ၁ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် ကော့ဘဇားတွင် လူ ၂၁ ဦး သေဆုံးခဲ့ပြီး စစ်တကောင်းတွင် ၁၉ ဦး၊ ဘန်ဒါဘန်တွင် ၁၀ ဦးနှင့် ရန်ဂါမာတီတွင် ၅ ဦး သေဆုံးခဲ့သည်ဟုခရိုင် ၄ခု၏ အုပ်ချုပ်ရေးမှူးများက ပြောသည်။

ဒါတွေဟာ မကြာသေးမီနှစ်တွေအတွင်း အပြင်းထန်ဆုံး မိုးရွာမှုအချို့ပါပဲ ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန အကြီးအကဲ Azizur Rahman က AFP သို့ ပြောကြားခဲ့သည်။

မိုးရေချိန် 312 မီလီလီတာ ရှိကြောင်း သြဂုတ် ၇ ရက်က မှတ်တမ်းတင်ခဲ့သည်။

သြဂုတ်လ ၁၁ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ချောင်းများ ကမ်းပါးပြိုကျကာ ကျေးရွာပေါင်း ရာနှင့်ချီ ရေနစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

တောင်အာရှတွင် နွေရာသီမုတ်သုံလေ၏ နှစ်စဉ်နှစ်တိုင်းမိုးရွာသွန်းမှုမှာ ၈၀ ရာခိုင်နှုန်းခန့်ရှိ၍ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှုများလည်း ရှိသည်။

မိုးရွာသွန်းမှုမှာ ခန့်မှန်းရခက်ပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် မုတ်သုံလေ ပိုမိုအားကောင်းလာကာ တောင်စောင်းများတွင် သစ်တောပြုန်းတီးမှုနှင့် အဆောက်အအုံများ ပြိုကျမှုကြောင့် ရုတ်တရက် ရေကြီးမှုများ ပိုမိုဆိုးရွားလာသည်ဟု သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

“ကော့ဘဇားမှာ ရေကြီးမှုကြောင့် လူ 600,000 လောက် ထိခိုက်ခဲ့ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး Shaheen Ibrahim က AFP သို့ ပြောကြားခဲ့သည်။

Ref-CNA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ