
AB News – ဖေဖော်ဝါရီ ၉၊၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း ကော့ဇ်ဘဇားဒေသခံများသည် ရိုဟင်ဂျာအမည်ခံ မူဆလင်ဒုက္ခသည်များအဖြစ် ခံယူမှုများလာကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြလာသည်ကို တွေ့ရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် ဒုက္ခသည်စခန်းများမှ မူဆလင် ဒုက္ခသည်အမျိုးသမီးများနှင့်အတူ လက်ထပ်ထိမ်းမြှားခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းစခန်းအတွင်း လူဦးရေ အဆမတန် တိုးလာနေကြောင်း စခန်းအတွင်းမှ မူဆလင်ဒုက္ခသည်အချို့က ဆိုကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကော့စ်ဘဇားဒေသခံတချို့သည် UNHCR အဖွဲ့များမှ အထောက်အပံ့ကယ်ဆယ်ရေးပစ္စည်းများ ရရှိရေးကိုသာ ပထမဦးစားပေးဖြစ်လာပြီး ရိုဟင်ဂျာအမည်ခံ မူဆလင်ဒုက္ခသည်များ အဖြစ်ခံယူမှုများလာကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် လူဦးရေပိုများလာကြောင်း ဘင်္ဂလားဒေ့ရှ်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Kaler Kantho မီဒီယာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ယင်းအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအချို့သည် ဒုက္ခသည်စခန်းအတွင်း UNHCR မှ အထောက်အပံ့များ လိုချင်၍ ရိုဟင်ဂျာအမည်ခံ မူဆလင် ဒုက္ခသည်များနှင့်အတူ ဒုက္ခသည်အဖြစ်ခံယူကာ အထောက်အပံ့များ ရယူနေကြောင်း သိရသည်။
ရိုဟင်ဂျာ အမည်ခံ မူဆလင်ဒုက္ခသည်များအဖြစ် ခံယူမှုများပြားလာကြသည့် ဒေသခံများမှာ အုခီယာမြို့နယ်နှင့် တက္ကနာဖ်မြို့နယ်များမှ ဖြစ်ကြကြောင်း သိရသည်။
လက်ရှိတွင် အထောက်အပံ့များ နည်းပါးလာသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ပြန်လည်ခံယူရန် ကြိုးစားလာကြပြီး ၎င်းတို့အား ဒုက္ခသည်စာရင်းနှင့် နိုင်ငံသားဖြစ်ခွင့်စာရင်း စစ်ဆေးစဉ် တွေရှိခဲ့ကြောင်း သိရသည်။