သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင်ဒုက္ခသည်စခန်းကို UK မှ ဒေါ်လာ ၁.၄ သန်း ထောက်ပံ့

AB News – ဇန်နဝါရီ ၂၈၊ ၂၀၂၆
ဂျုလိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းရှိ မူစလင်ဒုက္ခသည်များကို UK မှ ဒေါ်လာ ၁.၄ သန်းခန့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း UK သည် World Food Programme (WFP) မှတဆင့် ဒေါ်လာ ၁၁.၆ သန်းပေးအပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အဆိုပါဒေါ်လာ ၁.၄ သန်းကို ထပ်မံထောက်ခဲ့ခြင်း ဖြစ်သည်။

UK သည် မူဆလင် ဒုက္ခသည်များအတွက် အရေးပါသည့် WFP ၏ လုပ်ငန်းများကို ဆက်လက်ထောက်ပံ့နိုင်သည့်အတွက် ဂုဏ်ယူကြောင်းနှင့် ဆိုပါအထောက်အပံ့များကြောင့် ဒုက္ခသည်စခန်းရှိ မိသားစုဝင်များအတွက် အာဟာရပြည့်ဝသည့် အစားအစာနှင့် အခြေခံဝန်ဆောင်မှုများကို လက်လှမ်းမှီ ရရှိစေရန် ရည်ရွယ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗြိတိသျှ ဒုတိယအဆင့် အထက်တန်းမင်းကြီး (Deput High Commissioner)နှင့် ဗြိတိသျှ အထက်တန်းကော်မရှင်ရုံး၏ ဖွံဖြိုးရေးဒါရိုက်တာဖြစ်သူ James Goldman က ပြောကြားခဲ့သည်။

ယခုအထောက်အပံ့သည် ပြည်တွင်းရှိ ဒေသတွင်း ကုန်ပစ္စည်းတင်သွင်းရောင်းချသူများထံမှ ကုန်ပစ္စည်းများကို ဝယ်ယူအသုံးပြုခြင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စီးပွားရေးကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် WFP က e-voucher စနစ်ကိုအသုံးပြုပြီး လူဦးရေ ၁.၂ သန်းခန့်ရှိသော မူစလင်ဒုက္ခသည်များကို စားနပ်ရိက္ခာအကူအညီများ ထောက်ပံ့လျှက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ