သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူဆလင် လက်နက်ကိုင်များ၏ စစ်ရာဇဝတ်ချိုးဖောက်မှုကို အရေးယူရန် လိုအပ်ကြောင်း Fortify Rights ပြော

AB News-မတ် ၁၈၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မူဆလင် လက်နက်ကိုင် အဖွဲ့ဝင်များသည် ဒုက္ခသည် များကို သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်နေကြောင်း Fortify Rights ၏ ယနေ့ မတ်လ ၁၈ ရက်နေ့ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှ အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် စစ်ရာဇဝတ်ကျူးလွန်သည့် မူဆလင်လက်နက်ကိုင် အဖွဲ့များ၏ လုပ်ရပ်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပတ်သက်ဆက်နွယ်နေကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဒုက္ခသည်စခန်းများတွင် လှုပ်ရှားနေသည့် မူဆလင်လက်နက်ကိုင် အဖွဲ့များ၏ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုရန် Fortify Rights မှ အကြံပြုထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရအနေဖြင့် စစ်ရာဇဝတ်ကျူးလွန်သူများကို တရားစီရင်နိုင်ရန် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ ယန္တရားနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Fortify Rights ၏ ဒါရိုက်တာ John Quinley မှ ပြောသည်။

အမေရိကန်အစိုးရ၏ လတ်တလော ငွေကြေးဖြတ်တောက်မှုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် လှုပ်ရှားသွားလာနေသည့် မူဆလင် လက်နက်ကိုင်အဖွဲ့များမှာ လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးနေသည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် မူဆလင် လူ့အခွင့်အရေးကာကွယ်သူ မိုဟစ်ဘုလ္လာ သေဆုံးပြီးနောက် လက်နက်ကိုင် အကြမ်းဖက်မှုများ တိုးမြှင့်လာပြီး ဘင်္ဂလားဒေ့ရှ်အစိုးရဟောင်း ရှိတ်ဟာဆီနာ အစိုးရမှ ဒုက္ခသည် များအပေါ် လုံခြုံရေးအရ ကာကွယ်မှုများ ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။

မူဆလင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ ဖြစ်သည့် ARSA နှင့် RSO တို့သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း အပြစ်မဲ့ မူဆလင် ၂၁၇ ယောက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ