သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး သေနပ်ပစ်ခံရ

AB News- ဒီဇင်ဘာ ၂၃၊ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခူလ်နာမြို့တွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မိုဟာမက်မိုတလဘ်ဆိခ်ဒါ သေနစ်ပစ်ခံရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများတွင် သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ၊ ၄၅ မိနစ်အချိန်တွင် ပစ်ခတ်ခံခဲ့ရပြီး သေနပ်ကျည်ဆံမှာ သူ၏ခေါင်းပေါ်တွင် ထိမှန်ခဲ့ကြောင်း သိရှိရသည်။

မိုဟာမက်မိုတလဘ်ဆိခ်ဒါ သည် အသက် ၄၂ နှစ်အရွယ် ဖြစ်ပြီး လက်ရှိတွင် ခူလ်နာကောလိပ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူကြောင်း သိရသည်။

၎င်းမှာ ၂၀၂၄ ခုနှစ်၊ ဂျုလိုင်ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်များအနက် တစ်ဦးဖြစ်ပြီး National Citizen Party (NCP) ၏ ဗဟိုညှိနှိုင်းရေးမှုးနှင့် ခူလ်နာခရိုင် တာဝန်ခံလည်း ဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လွှတ်တော် ကိုယ်စားလှယ်လောင်း အိုစမန်ဟာဒီ သေနစ်ဖြင့် ပစ်ခံရပြီး ဆေးကုသမှုခံယူနေစဥ် သေဆုံးခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ