သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက်မှုများပိုမိုများပြားလာနေ

AB News – ဒီဇင်ဘာ ၁၉၊၂၀၂၅
ဂျူလိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘာသာရေးကိုအသုံးချကာ အစွန်းရောက်အစ္စလာမ်မစ်အုပ်စုများက အကြမ်းဖက်သတ်ဖြတ်မှုများကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာနေသည်ကိုတွေ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Mymesinghခရိုင်၊ဘာလူကာမြို့နယ်၊ မာဆတာဘာရ်ရပ်ကွက် လမ်းလယ်တွင် အစွန်းရောက်အစ္စလာမ်မစ်အုပ်စုက ဒေသခံအမျိုးသား ၁ ဦးအားမီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် လူမှုကွန်ယက်များတွင် ဖော်ပြနေကြသည်ကို တွေ့ရသည်။

ဖြစ်စဥ်မှာ တမန်တော် မူဟာမတ်ကို ပုတ်ခတ်စော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် အစွန်းရောက်အစ္စလာမ်မစ်အုပ်စုက တာရာကင်ဒါမြို့နယ်၊ Rabi Chandra Dass ၏ သားဖြစ်သူ Dipu Chandra Dass အား လူအုပ်ရှေ့တွင် အဝတ်ချွတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပါကစ္စတန်နိုင်ငံတွင်လည်း ဟိန္ဒူဘာသာဝင်များနှင့် ခရိယာန်ဘာသာဝင်များကို တမန်တော်မူဟာမတ်နှင့် အလ္လာအရှင်၏ ကိုရ်အန်ကျမ်းကို စော်ကားပြောဆိုသည်ဟု မဟုတ်မမှန်စွပ်စွဲကာ ဌာနေလူနည်းစုများကို ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ တိုက်ခိုက် သတ်ဖြတ်မှုများကို လုပ်ဆောင်နေသည်မှာ ကာလအတော်ကြာမြင့်လာပြီဖြစ်ကြောင်းလည်းသိရသည်။

ယခုနောက်ပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်အလားတူ မဟုတ်မမှန်သော စွပ်စွဲချက်ဖြင့် သတင်းမှားဝါဒဖြန့်မှုများကို လက်နက်သဖွယ် အသုံးချဆောင်ရွတ်လာနေကြောင်းကိုတွေ့လာရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ