Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး

ABN-နွယ်စိုး

သြဂုတ် ၁၆ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သြဂုတ်လ ၁၄ ရက်နေ့က Jamaat-e-Islamiပါတီ၏ခေါင်းဆောင် Delawar Hossain Sayedee အကျဥ်းထောင်၌ နှလုံးရောဂါဖြင့် သေဆုံးပြီးနောက် နိုင်ငံအတွင်း ၄င်းကို ထောက်ခံသူများက ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့သည်။

Sayedeeမှာ မြို့တော်ဒါကာအပြင်ဘက် Kashimpur အကျဉ်းထောင်တွင် တနင်္ဂနွေနေ့က နှလုံးဖောက်ပြီးနောက် ၄င်းကို ကျန်းမာရေးဌာနသို့ ပို့ဆောင်ခဲ့ကြောင်း ဆေးရုံအာဏာပိုင်များက ပြောကြားခဲ့သည်။

“သူဟာ တနင်္လာနေ့ ညနေ ၆နာရီ ၄၅ မှာ နှလုံးဖောက်ပြီး ည ၈ နာရီ ၄၀ မှာ သေဆုံးသွားခဲ့ပါတယ်” ဟု ဆေးရုံဒါရိုက်တာ ဗိုလ်မှူးချုပ် Rezaur Rahman က AFP သို့ ပြောကြားခဲ့သည်။

Sayedee သည် ဟိန္ဒူဘာသာဝင်များအား လူသတ်မှု၊ မုဒိမ်းမှုနှင့် နှိပ်စက်ညှဉ်းပန်းမှု စွဲချက် ၃ခုဖြင့် စစ်ရာဇ၀တ်မှုခုံရုံးက ၂၀၁၃ ခုနှစ်တွင် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။

Sayedee ကွယ်လွန်ပြီးနောက် ၄င်းအား ထောင်နှင့်ချီသောထောက်ခံသူများ ဆန္ဒပြခဲ့ကြပြီး ရဲများက မျက်ရည်ယိုဗုံးသုံးကာ လူစုခွဲကြသည်။

ယင်းအပြင် Cox’s Bazar’s Chakaria Pekua upazil နှင့် Barbakia Bazarတွင် ကွယ်လွန်သူ Delawar Hossain Sayedee အတွက် jamaat-e-lslami ပါတီ၏အဖွဲ့ဝင်များအနေဖြင့် ဈာပနဆုတောင်းပွဲပြုလုပ်ပြီးနောက် Islami တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ကာ ရဲအရာရှိများအပါအဝင် အများအပြား ဒဏ်ရာရရှိခဲ့ပြီး ရဲကားတစ်စီး ဖျက်ဆီးခံခဲ့ရသည်။

ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို Chakaria နှင့် Pekua upazila ကျန်းမာရေး အဆောက်အအုံများသို့ ပို့ဆောင်ခဲ့သည်။

SP Mahfuzur က “ဈာပနဆုတောင်းပွဲအပြီးမှာ တက်ကြွလှုပ်ရှားသူတွေက ရဲတွေကို တိုက်ခိုက်ခဲ့ပြီး ရဲကားတစ်စီး ဖျက်ဆီးခံခဲ့ရပါတယ်။ အခင်းဖြစ်ပွားစဉ်အတွင်း အရာရှိ (OC) Javed Mahmud နှင့် ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ပြောသည်။

“တက်ကြွလှုပ်ရှားသူတွေဟာ Sayedee အတွက်အသုဘဆုတောင်းပြီးတဲ့နောက် ရဲတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂါနေ့ ညနေ ၃ နာရီခန့်က ဘာဘာကီယာဘဇားမှာ ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို Pekua Upazila Health Complex မှာ ကုသနေပါတယ်” ဟု ၄င်းက ဆိုသည်။

Pekua ရဲတပ်ဖွဲ့၏ အဆိုအရ Delawar Hossain Sayeedee အတွက် ဈာပန ဆုတောင်းပွဲကို Pekua နှင့် Barbakia Bazar တွင် ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ကင်းလှည့်အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့သည်ဟုဆိုသည်။

ဆုတောင်းပွဲအပြီးတွင် ကွယ်လွန်သူ ခေါင်းဆောင်များ၏ နောက်လိုက်များက ရဲများကို အုတ်ခဲများဖြင့် ပစ်ပေါက်ခဲ့သည့် သတင်းကိုကြားရှိပြီးနောက် OC၏တပ်ဖွဲ့ဝင်များ ထပ်မံရောက်လာခဲ့ကြသည်။

ထိုဈာပနသို့ ရောက်ရှိလာသော တက်ကြွလှုပ်ရှားသူများအနေနှင့် စုရုံးကာ ရဲအရာရှိများကို တိုက်ခိုက်ခဲ့ကြပြီး အရာရှိ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

Ref-AFP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ