Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် Sheikh Hasinaအား နုတ်ထွက်ပေးရန်တောင်းဆိုဆန္ဒပြသူများနှင့် ထောက်ခံဆန္ဒပြသူများတို့ ထိပ်တိုက်တွေ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် Sheikh Hasinaအား နုတ်ထွက်ပေးရန်တောင်းဆိုဆန္ဒပြသူများနှင့် ထောက်ခံဆန္ဒပြသူများတို့ ထိပ်တိုက်တွေ့

ABN-နွယ်စိုး

ဇူလိုင် ၃၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒါကာမြို့တော်တွင် ဇူလိုင်လ ၂၉ ရက်နေ့က ဝန်ကြီးချုပ် Sheikh Hasinaအား ရာထူးကနေ နှုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြသူများနှင့် ဝန်ကြီးချုပ်အစိုးရကို ထောက်ခံဆန္ဒပြသူများတို့ ထိပ်တိုက်တွေ့ခဲ့ကြရာ အပြန်အလှန် ခဲများနှင့်ပစ်ပေါက်ခဲ့ကြပြီး ရဲများက ရာဘာကျည်များနှင့် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ လူစုခွဲခဲ့ကြသည်။

အဆိုပါများဆန္ဒပြသူများအနေဖြင့် ဒါကမြို့တော် တဝိုက်မှ အရေးပါသည့် လမ်းဆုံ လမ်းခွများကိုပိတ်ပြီး ဆန္ဒပြခဲ့ကြ၍ ရဲတပ်ဖွဲ့အနေဖြင့် ရှင်းလင်းရန် ကြိုးပမ်းရာတွင် ဆန္ဒပြသူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒါကာမြို့တော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူFaruk Hossainက AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ဆန္ဒပြသူများနှင့်ရဲတပ်ဖွဲ့ဝင်များကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၂၀ ဦး ဒဏ်ရာရရှိခဲ့ကာ ဆန္ဒပြသူ ၉၀ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု Faruk Hossainက ပြောကြားခဲ့သည်။

ထို့အပြင် BNP ပါတီ၏ အကြီးတန်းခေါင်းဆောင်များဖြစ်ကြသော Goyeshwar Roy နှင့် Amanullah Aman တို့ ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး သို့သော်လည်း တရားဝင်ဖမ်းဆီးခြင်းမျိုး မဟုတ်ကြောင့် ၄င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လာမည့် ၂၀၂၄ ခုနှစ်ဇန်နဝါရီလအတွင်း ကျင်းပဖို့ရှိနေသည့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ်အနေဖြင့် ရာထူးက ဆင်းပေးပြီး အိမ်စောင့်အစိုးရ ဖွဲ့ပေးရန် အတိုက်အခံပါတီဖြစ်သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNPကတောင်းဆိုထားသည်။

ထိုတောင်းဆိုချက်ကို ဝန်ကြီးချုပ် Sheikh Hasina အနေနှင့် ပယ်ချထားသည်။

ပြီးခဲ့သည်ရက်ပိုင်းအတွင်းကလည်းအတိုက်အခံ BNP ပါတီဌာနချုပ်ရှေ့ လူထုစုဝေးပွဲတခု မပြုလုပ်ခင် BNP ပါတီထောက်ခံသူ ၅၀၀ ထက်မနည်းကို ရဲက ဖမ်းဆီးခဲ့သည််။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ