Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလား‌ဒေ့ရှ်တွင် Teknafရှိ မူဆလင်ဒုက္ခသည် စခန်းမီးလောင်မှုဖြစ်ပွား

ဘင်္ဂလား‌ဒေ့ရှ်တွင် Teknafရှိ မူဆလင်ဒုက္ခသည် စခန်းမီးလောင်မှုဖြစ်ပွား

ABN-နွယ်စိုး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazars’ Teknaf ရှိ Chakmarkul မူဆလင်ဒုက္ခသည်စခန်း အမှတ် ၂၁ တွင် တနင်္လာနေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၉ နာရီခန့်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့မှုကြောင့် အိမ် ရာကျော်ပျက်စီးသွားခဲ့ရသည် ဟု UNB သတင်းဌာန တွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်လို့ စခန်းအတွင်း နေထိုင်သူ ’Amir Hossainက “ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့က လာရောက်မီးငြိမ်းသတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ မှုဆလင် တဲအိမ်တွေ ရာနဲ့ချီ မီးရှို့ ခံခဲ့ရပါတယ်‘’ ဟုပြောကြားခဲ့သည်။

ထို့အပြင် ည ၈ နာရီ ၃၀ မိနစ်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ၁၀ နာရီ ၃၀ ခန့်တွင် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဝါး၊ ပလတ်စတစ်များနှင့် ဆောက်လုပ်ထားသော တဲအိမ်များ မီးလောင်သွားခဲ့ကြောင်းTeknaf ရှိ (UP) ရပ်ကွက် အမှတ် ၉ မှ အဖွဲ့ဝင် Jalal Ahmad က ပြောကြားခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်ပွားသည့်သတင်းကိုရရှိပြီးနောက် ရဲတပ်များဝင်များ သွားရောက်ခဲ့ပြီး ၂ နာရီအကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း Teknan Model ရဲစခန်းမှ တာဝန်ခံ အရာရှိ (OC) Abdul Halismက ပြောကြားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် ပျက်စီးမှု အတိုင်းအတာကိုမသိရသေးကြောင်းနှင့် အိမ်ခြေ ၆၀ မှ ၇၀ အထိမီးလောင်ပြာကျခဲ့သည် ဟုပြောကြားခဲ့သည်။

“စခန်းတွင် မီးသတ်တပ်ဖွဲ့များနှင့်အတူ အခင်းဖြစ်ပွားသည့်‌နေရာကို ရောက်ရှိခဲ့ပြီး မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်” ဟုလက်နက်ကိုင် ရဲတပ်ရင်း (၁၆) မှ ရဲအရာရှိ Mohammad Jamal Pashaကပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပွားမှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည် ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းကလည်း သားရေထည်ဖြင့် ပြုလုပ်ထားသော မူဆလင်စခန်းတွင် မီး‌လောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အိမ်ခြေငါးသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး မတ်လ ၅ ရက်နေ့ နံနက်ပိုင်းကလည်း Ukhia ၏ Balukhali စခန်းအမှတ် ၁၁ တွင် မီးလောင်မှု ဖြစ်ပွားခဲ့မှုကြောင့် အိမ်ခြေ ၂,၀၀၀ ၈၀၅ နှင့် မှုလဆင် အဆောက်အဦး ၁၉,၀၀၀၉၂၅ လောက် ပျက်စီးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ