သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်တွင် ခရစ်ယာန်ကျောင်းများကို အကြမ်းဖက် မူဆလင်များ ဆက်တိုက် ဗုံးခွဲတိုက်ခိုက်

AB News – နိုဝင်ဘာ ၁၁ ၊ ၂၀၂၅
ဆိုဖီ

​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင်အကြမ်းဖက် မူဆလင် အုပ်စုများမှ ခရစ်ယာန်ကျောင်းများအား ဆက်တိုက် ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် နိုင်ငံအတွင်းရှိ ခရစ်ယာန်ဘာသာဝင်များ စိုးရိမ်မှုရှိလာကြောင်း သိရသည်။

​နိုဝင်ဘာ ၇ ရက် နှင့် အောက်တိုဘာ ၈ ရက်နေ့များအတွင်း ဒါကာမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်စာသင်ကျောင်း ၁ ကျောင်းအား ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။

​နိုဝင်ဘာ ၇ ရက်တွင် စိန့်မေရီ ကက်သလစ်ဘုရားကျောင်းနှင့် စိန့်ဂျိုးဆပ် စာသင်ကျောင်းတို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ အောက်တိုဘာ ၈ ရက်တွင်လည်း ပေါ်တူဂီလူမျိုးများတည်ဆောက်ခဲ့သည့် ရှေးအကျဆုံး Holy Rosary ကက်သလစ်ဘုရားကျောင်းအား အကြမ်းဖက် အုပ်စုများမှ လာရောက် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

​၎င်းအကြမ်းဖက် အဖွဲ့များသည် စိန့်မေရီဘုရားကျောင်းအား ဆိုင်ကယ်မောင်းနှင်ကာ ကျောင်းကွင်း အတွင်းသို့ လက်ပစ်ဗုံးများကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဘင်္ဂလားဒေ့ရှ်ခရစ်ယာန်အသင်းဥက္ကဋ္ဌ Nirmal Rozario မှ ပြောကြားခဲ့သည်။

​ဒါကာမြို့တော် ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဟာမက် တာလီဘာ ရာမန် ကလည်း ယင်းသို့ဗုံးခွဲတိုက်ခိုက်မှုရှိလာခြင်းသည် ဘာသာရေးအရ ဆက်စပ်မှု ရှိနေခြင်း နှင့် သီးခြား ဖြစ်နိုင်ခြေလည်း ရှိကြောင်း ၊ သို့သော်ခရစ်ယာန်ဘာသာဝင်ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ထိတ်လန့်အောင်ပြုလုပ်ခြင်းမှာ သေချာနေကြောင်း ဆိုသည်။

​လူဦးရေ သန်း ၁၇၀ ခန့်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေ ၅ သိန်းခန့်သာ ခရစ်ယာန် ဘာသာ ကိုးကွယ်ကြပြီး ဘာသာရေးအရ ကျောင်းများအား ဗုံးပစ်ခတ်မှုရှိလာခြင်းမှာ ခရစ်ယာန် ဘာသာဝင်များအား စိုးရိမ်ထတ်လန့်မှုကို ပိုပြီး ဖြစ်လာစေခြင်း ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ