
ABN-ရှိုင်းမိုး
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ကော့ဇ်ဘဇားမှ ဘာလုခါလီ မူဆလင် ဒုက္ခသည်စခန်းမီးလောင်းမှုဖြစ်ပွားသောကြောင့် အိမ်ခြေ ၂၅၀၀ ကျော်မီးပြာကျသွားသည်ဟုသိရသည်။
ယနေ့ နေ့လည် ၂နာရီ ၄၀ မိနစ်အချိန်မှစ၍ မီးလောင်မှုဖြစ်ခဲ့သည်ဟုသိရသည်။
ထိုမီးလောင်မှုကြောင့် စာသင်ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အဦးများလည်းလောင်းကျွမ်းသွားပြီး၊ မိသားစု ၃၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ပြီး၊ အိမ်ခြေ ၂၅၀၀ ကျော်နှင့် လူပေါင်း ၁၀၀၀၀ ကျော်နီပါး နေစရာမရှိဖြစ်နေသည်ဟုသိရသည်။
မီးလောင်းကျွမ်းသည်မှာ မတောတဆမဟုတ်ဘဲ ရှို့မီးဖြစ်ကြောင်း မူဆလင်ဒုက္ခသည်တစ်ဦးကပြောသည်။
” နေစရာလည်းမရှိကြတော့ဘူး၊ တချို့ဒုက္ခသည်တွေက နီးစပ်ရာအိမ်တွေမှာ ခိုလှုံနေကြပါတယ်၊ တချို့လည်း ဒုက္ခသည်စခန်းအပြင်ဘက် လမ်းမတွေပေါ်မှာ စုပြီး နေထိုင်နေကြပါတယ်” ဟုမူဆလင်ဒုက္ခသည် တစ်ဦးကပြောသည်။
ထိုမီးလောင်းမှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ရှိမရှိကို အတည်မပြုနိုင်သေးဟုသိရသည်။
၂၀၂၂ ခုနှစ်ကလည်း ဘာလူကာလီ ဒုက္ခသယ်စခန်းတွင်မီးလောင်းမီးဖြစ်ပွားမှုကြောင့် လူပေါင်း ၁၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ဓာတ်ပုံ-AP








