
ABN-ရှိုင်းမိုး
ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ဒါကာမြို့တွင်ဧပြီ ၄ရက်နေ့ နံနက် ၆နာရီကျော်က ဆိုင်ခန်းပေါင်း ၅ ထောင်ကျော်ရှိသည့် ဘွန်ဂိုအထည်စျေးကြီး မီးလောင်မှု အကြီးအကျယ်ဖြစ်ပွားပြီး စျေး တခုလုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။
မီးလောင်မှုအတွင်း ဘွန်ဂိုအထည်စျေးအပြင် စျေးနှင့်ကပ်လျက်ရှိသော စီးပွားရေးဇုန် ၃ခုနီးပါး မီးလောင်ပျက်စီး သွားကြောင်းဆိုင်ပိုင်ရှင်များနှင့် မီးသတ် အရာရှိများက ပြောသည်။
မီးလောင်မှုအတွင်း မီးသတ်သမား ၅ယောက်အပါအဝင် အနည်းဆုံး လူ ၁၁ ယောက် ဒဏ်ရာရရှိ သည်ဟုဆိုသည်။
ထိုမီးလောင်မှုကို မီးသတ်သမား ၆၀၀ ခန့်က ၆နာရီကြာ မီးသတ်ခဲ့ပြီးနောက် မီးကိုထိန်းနိုင်ခဲ့ကြောင်း မီးသတ်ဌာန ပြောခွင့်ရ ရာကီဘူ အစ္စလာမ်က AFP သို့ ပြောဆိုထားသည်။
အဆိုပါ ဘွန်ဂိုစျေးကြီးသည် အနောက်တိုင်းဖက်ရှင် အမှတ်တံဆိပ်များအတွက် လူကြိုက်များသည့်စျေး တခုဖြစ်ပြီး မြို့တော်၏ အထည်ချုပ်စက်ရုံများတွင် ထုတ်လုပ်သော ပို့ကုန်စံချိန်စံညွှန်းမပြည့်မီသည့် အ၀တ်အထည်များကိုရောင်း ချသည့်နေရာ ဖြစ်ကြောင်း သိရှိရသည်။
Source- Reuters/AFP



