Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ချ်တွင် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွား၍ လူ ၇ဦးသေဆုံး

ဘင်္ဂလားဒေ့ချ်တွင် တစ်ရက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွား၍ လူ ၇ဦးသေဆုံး

ABN-ရှိုင်းမိုး

ဇူလိုင် ၁၂ရက်

ဘင်္ဂလားဒေ့ချ်နိုင်ငံတွင် ယမန်နေ့က သွေးလွန် တုပ်ကွေးဖြစ်၍ လူ ၇ဦး သေဆုံးခဲ့ပြီး၊ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းသည် လူသေမှုအများဆုံးဖြစ်သည်ဟု သိရသည်။

တစ်ရက်တည်းတွင် သွေးလွန်တုပ်ကွေးကြောင့် လူ ၇ ဦး ထပ်မံသေဆုံးသည့်အတွက် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူလူ ၈၃ ဦးထိရှိလာသည်ဟု ကျန်းမာ​ရေး ညွှန်ကြားမှုဦးစီးဌာန (DGHS) က ပြောကြားသည်။

ထို့အပြင် ၂၄နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလူ ၁,၀၅၄ ယောက်ရှိခဲ့သည့်အတွက် မြို့တော်ဒါကာအပါအဝင် နိုင်ငံတဝှမ်းလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွား၍ ဆေးရုံများ၌ ဆေးကုသမှုခံနေရသော လူပေါင်း ၃,၃၀၃ ယောက်ထိ ရှိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ချ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွား၍၂၀၂၂ ခုနှစ်က လူ ၂၈၁ ယောက် သေဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်ကလည်း ၁၇၉ ယောက် သေဆုံးခဲ့ကြောင်း DGHS ၏ အချက်အလက်များအရ သိရှိရသည်။

လက်ရှိရခိုင်တွင်လည်း သွေးလွန်တုပ်ကွေးဖြစ်၍ ကလေး ၃ ဦးသေဆုံးခဲ့ပြီး ဖြစ်သည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ