သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗြိတိသျှကိုလိုနီစနစ်က နှစ် ၄၀အတွင်း အိန္ဒိယလူမျိုးသန်း၁၀၀ကို မည်သို့ သတ်ဖြတ်ခဲ့သနည်း

(ဘာသာပြန်ဆောင်းပါး)

“၁၈၈၀ မှ ၁၉၂၀ ခုနှစ်အတွင်း ဗြိတိသျှကိုလိုနီမူဝါဒများသည် ဆိုဗီယက်ယူနီယံ၊ မော်စီတုန်းတရုတ်နှင့် မြောက်ကိုးရီးယားတို့ပေါင်းစပ်ထားသော အစာငတ်မွတ်ခေါင်းပါးမှုအားလုံးထက် အသက်သေဆုံးမှုပိုများကြောင်း အခိုင်အမာဆိုကြသည်”

မကြာသေးမီနှစ်များက ဗြိတိသျှအင်ပါအတွက် လွမ်းဆွတ်တမ်းတမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ Niall Ferguson”Empire: Britain Made the Modern World နှင့် Bruce Gilley”s The Last Imperialist ကဲ့သို့သောစာအုပ်များသည် ဗြိတိသျှကိုလိုနီစနစ်က အိန္ဒိယနှင့် အခြားကိုလိုနီနယ်များအတွက် သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်လာသည်ဟုဆိုထားသည်။ လွန်ခဲ့သော ၂ နှစ်က YouGov စစ်တမ်းတစ်ခုအရ ဗြိတိန်ရှိ လူဦးရေ ၃၂ ရာခိုင်နှုန်းသည် နိုင်ငံ၏ကိုလိုနီသမိုင်းအတွက် တက်ကြွစွာ ဂုဏ်ယူကြသည်ကိုတွေ့ရှိခဲ့သည်။

ပုံကောင်းဖမ်းကိုလိုနီနယ်ချဲ့ ဝါဒသည် သမိုင်းမှတ်တမ်းနှင့် သိသိသာသာ ကွဲလွဲနေသည်။ စီးပွားရေးသမိုင်းပညာရှင် Robert C Allen ၏သုတေသနပြုချက်အရ အိန္ဒိယနိုင်ငံတွင် အလွန်အမင်းဆင်းရဲမွဲတေမှုသည် ၁၈၁၀ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် သတ်မှတ်ထားသော ပုံမှန် လုပ်ခလစာများ ကျဆင်းလာပြီး ၁၉ ရာစုတွင် လုံးဝဆင်းရဲမွဲတေမှုအဆင့်သို့ ရောက်ရှိသွားကာ အစာခေါင်းပါးငတ်မွတ်ခြင်းများ မကြာခဏဖြစ်ပွားလာပြီး လူသေဆုံးမှုပိုမိုဖြစ်ပွားလာခဲ့သည်၊၊ အိန္ဒိယလူမျိုးများကို အကျိုးပြုခြင်းမှကင်းဝေးပြီး ကိုလိုနီစစ်နစ်သည် လူသားများအတွက် ကံဆိုးမိုးမှောင်ကျမှုများသာဖြစ်သည်ဟု သမိုင်းမှတ်တမ်းတင်ခဲ့ကြသည်။

၁၈၈၀မှ ၁၉၂၀ အတွင်း ဗြိန်တိန်၏အာဏာပါဝါအမြင့်မားဆုံကာလသည် အိန္ဒိယနိုင်ငံကို ပျက်စီးစေခဲ့သည်ဟု ကျွမ်းကျင်ပညာရှင်များက သဘောတူညီခဲ့ကြသည်။ ၁၉၈၀ခုနှစ်များတွင်စတင်ခဲ့သော ကိုလိုနီအစိုးရမှ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူခဲ့သော လူဦးရေသန်းခေါင်စာရင်းကောက်ယူမှုတွင် ဤကာလအတွင်း သေဆုံးမှုန်းနှုန်းမှာ ၁၈၈၀ ခုနှစ်များတွင် လူ ၁၀၀၀လျှင် ၃၇.၂ ဦးသေဆုံးမှုရှိပြီး ၁၉၁၀ ခုနှစ်များတွင် ၄၄.၂ အထိ သိသိသာသာတိုးလာကြောင်း ဖော်ပြထားသည်။ လူ့သက်တမ်း ၂၆.၇ နှစ်မှ ၂၁.၉ နှစ်သို့ ကျဆင်းသွားသည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဂျာနယ်တွင် မကြာသေးမီက စာတမ်းတစ်ခုအရ ဤရက်စက်ကြမ်းကြုတ်သော ဆယ်စုနှစ်လေးခုအတွင်း ဗြိတိသျှနယ်ချဲ့မှုဝါဒများကြောင့် သေဆုံးရသူအရေအတွက်ကို ခန့်မှန်းရန် သန်းခေါင်စာရင်းအချက်အလက်များကို အသုံးပြုခဲ့သည်။ အိန္ဒိယနိုင်ငံတွင် သေဆုံးမှုနှုန်းဆိုင်ရာ တိကျခိုင်မာသောအချက်အလက်များသည် ၁၈၈၀ ခုနှစ်များ ကာလတွင်သာရှိသည်၊၊ ၎င်းကို “သာမန်” သေဆုံးမှုများအတွက် အခြေခံအဖြစ် အသုံးပြုပါက ၁၈၉၁ မှ ၁၉၂၀ အတွင်း ဗြိတိသျှကိုလိုနီစနစ်၏ လွှမ်းမိုးမှုအောက်တွင် ပိုမိုသေဆုံးမှု သန်း ၅၀ခန့်ကိုတွေ့ရှိရသည်၊၊

သေဆုံးမှုသန်း၅၀သည် တုန်လှုပ်ဖွယ်ကောင်းသော ကိန်းဂဏန်းတစ်ခုဖြစ်သော်လည်း ၎င်းသည်ရှေးရိုးဆန်သော ခန့်မှန်းချက်တစ်ခုဖြစ်သည်။ မှန်ကန်သောလုပ်ခ ဆိုင်ရာအချက်အလက်များအရ ၁၈၈၀ခုနှစ်တွင် ကိုလိုနီခေတ် အိန္ဒိယတွင် လူနေမှုအဆင့်အတန်းသည် ၎င်းတို့၏ယခင်အဆင့်များထက် သိသိသာသာကျဆင်းသွားပြီဖြစ်ကြောင်း ဖော်ပြသည်၊၊ Allen နှင့်အခြားသော ပညာရှင်တို့က ကိုလိုနီစနစ်မတိုင်မီ အိန္ဒိယ၏ လူနေမှုအဆင့်အတန်းသည် “ဖွံ့ဖြိုးဆဲ အနောက်ဥရောပ၏ အစိတ်အပိုင်းများနှင့််တန်းတူဖြစ်သည်” ဟုစောဒကတက်ခဲ့ကြသည်။ အိန္ဒိယ၏ ကိုလိုနီခေတ်မတိုင်မီ သေဆုံးမှုနှုန်းသည် အတိအကျမသိရသော်လည်း ၎င်းသည် ၁၆ နှင့် ၁၇ ရာစုအတွင်း အင်္ဂလန်နှင့်ဆင်တူသည်ဟု ယူဆလျှင် (လူ၁၀၀၀လျှင် ၂၇.၁၈ ဦးသေဆုံးသည်) ၊အိန္ဒိယတွင်ပိုမိုသေဆုံးမှု ၁၆၅ သန်းရှိကြောင်းတွေ့ရှိရသည်။

တိကျသောသေဆုံးမှုအရေအတွက်သည် အခြေခံသေဆုံးမှုနှင့်ပတ်၍ ကျွန်ပ်တို့ပြုလုပ်ထားသော ယူဆချက်များအပေါ် အကဲဆတ်နိုင်သော်လည်း လူသန်းပေါင်း ၁၀၀ ဝန်းရှိ အချို့သော ဗြိတိသျှကိုလိုနီစနစ်၏အမြင့်ဆုံးတွင် အချိန်မတန်မီ သေဆုံးသွားကြောင်းထင်ရှားသည်။ ဤသည်မှာ လူ့သမိုင်းတွင် အကြီးများဆုံးသော ပေါ်လစီကြောင့် သေဆုံးမှုအကျပ်အတည်းများထဲမှ တစ်ခုဖြစ်သည်၊၊ ဆိုဗီယက်ယူနီယံ၊ မော်စီတုန်းတရုတ်၊ မြောက်ကိုးရီးယား၊ ပေါ်ပေါ့ ကမ္ဘောဒီးယားနှင့် မန်ဂစ်တူ၏ အီသီယိုးပီးယားတို့တွင် ဖြစ်ပွားခဲ့သည့် ပေါင်းစပ်သေဆုံးမှုအရေအတွက်ထက် ပိုများသည်။

ဗြိတိသျှတို့၏အုပ်ချုပ်မှုသည် ဤကြီးမားသောအသက်ဆုံးရှံးကို မည်သို့ဖြစ်စေခဲ့သနည်း။ အုပ်ချုပ်မှုယန္တရားများစွာရှိခဲ့သည်။ ဗြိတိန်နိုင်ငံ အုပ်ချုပ်မှုတစ်ခုမှာ အိန္ဒိယ၏ကုန်ထုပ်လုပ်မှုကဏ္ဍကို ထိထိရောက်ရောက်ဖျက်ဆီးခဲ့သည်။ ကိုလိုနီခေတ်မတိုင်မီက အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စက်မှုလုပ်ငန်းထုပ်လုပ်သည့်နိုင်ငံဖြစ်ပြီး အရည်အသွေးမြင့်အထည်အလိပ်များကို ကမ္ဘာတစ်ဝှမ်းလုံးသို့ တင်ပို့ရောင်းချခဲ့သည်။ အင်္ဂလန်ကထုတ်သော ရောင်စုံအထည်များက လုံးဝမယှဉ်နိုင်ခဲ့ပါ။ သို့သော် ၁၇၅၇ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီက ဘင်္ဂလာကိုထိန်းချုပ်လာသောအခါ အိန္ဒယနိုင်ငံသည် လုံးဝပြောင်းလဲသွားခဲ့ရသည်။

သမိုင်းပညာရှင် Madhusree Mukerjee ၏အဆိုအရ ကိုလိုနီအစိုးရသည် ဗြိတိန်ထုတ်ကုန်များကို အိန္ဒိယနိုင်ငံတွင်း ဈေးများတွင် ရောင်းစေခဲ့ပြီး အိန္ဒိယနိုင်ငံသားများအား အကောက်ခွန် မတရားတိုးမြှင့် ကောက်ခံခဲ့ပြီး အိန္ဒိယနိုင်ငံသားများ၏ ထုတ်ကုန်များကို နိုင်ငံတွင်း မရောင်းရဟု တားမြစ် ပိတ်ပင်ခဲ့သည်။

ဤဗြိတိန်ကိုလိုနီ၏ မညီမျှသော ကုန်သွယ်မှုစနစ်သည် အိန္ဒိယထုပ်လုပ်သူများကို ချေဖျက်ခဲ့ပြီး နိုင်ငံကို ဖျက်စီးစေခဲ့သည်။ အရှေ့အိန္ဒိယနှင့် တရုတ်တို့၏ ဥက္ကဌ အဖြစ် ၁၈၄၀တွင် အင်္ဂလန်ပါလီမန်အား ကြွားဝါခဲ့သည့်အတိုင်း “ဤကုမ္ပဏီသည် အိန္ဒိယကို ကုန်ထုတ်နိုင်ငံတစ်ခုမှ ကုန်ကြမ်းတင်ပို့သည့်နိုင်ငံအဖြစ်သို့ ‌ပြောင်းလဲရာတွင် အောင်မြင်ခဲ့သည်။ အင်္ဂလိပ်လူမျိုးများ ကုန်ထုတ်လုပ်မှုများဖြင့် အကျိုးအမြတ်ကြီးစွာ ရရှိနေချိန်တွင် နိုင်ငံသား အိန္ဒိယလူမျိုးမှာ ဆင်းရဲမွဲတေမှု၊ ငတ်ပြတ်မှုနှင့် ရောဂါဘယများသာ ရရှိခဲ့ကြသည်။

ပိုဆိုးတာက ဗြိတိသျှကိုလိုနီနယ်ချဲ့သများတွေက “စည်းစိမ်ဥစ္စာကို ယိုယွင်းစေတယ်”လို့တစ်ခေတ်သိကြတဲ့ တရားရေးစနစ်တစ်ခုကို ထူထောင်ခဲ့သည်။ဗြိတိန်သည် အိန္ဒိယလူ ဦး‌ရေကို အခွန်ကောက်ခံပြီးနောက် အိန္ဒိယထုပ်ကုန်များဖြစ်သည့် မဲနယ်၊ စပါး၊ချည်နှင့် ဘိန်းတို့ကို ဝယ်ယူရန် ၎င်းအခွန်ငွေများကိုအသုံးပြုကာ ၎င်းကုန်စည်များကိုအခမဲ့ရယူခဲ့သည်။ ထိုးနောက်အဆိုပါကုန်ထုန်ပစ္စည်းများကို ဗြိတိန်နိုင်ငံအတွင်း စားသုံးခြင်း သို့မဟုတ် ပြည်ပသို့ပြန်လည်တင်ပို့ခြင်း၊ ဗြိတိသျှအစိုးရမှရရှိသောငွေများဖြင့် ဗြိတိန်နှင့် ၎င်း၏အခြေချနေထိုင်သော ကိုလိုနီများဖြစ်ကြသော အမေရိကန် ၊ ကနေ‌‌ဒါနှင့် သြစတြေးလျ တို့၏စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရန်အသုံးပြုခဲ့သည်၊၊

ဤစနစ်သည် ယနေ့ခေတ် ဒေါ်လာထရီလျံနှင့်ချီသော အိန္ဒိယကုန်ပစ္စည်းများကို ဆုတ်ယုတ်စေခဲ့သည်၊၊ မိုးခေါင်မှု သို့မဟုတ် ရေကြီးမှုများကြောင့် ဒေသတွင်းစားနပ်ရိက္ခာဖူလူံမှုကို ခြိမ်းခြောက်နေသည့်တိုင် အိန္ဒိယကိုစားနပ်ရိက္ခာတင်ပို့ရန် အတင်းအကျပ်များချထားရာတွင် ဗြိတိသျှတို့က မညှာမတာပြုမှုခဲ့သည်။၎င်းတို့၏အရင်းအမြစ်များကို ဗြိတိသျှနှင့် ၎င်းတို့၏အခြေချနေထိုင်သော ကိုလိုနီများထံ ခွဲထုပ်လိုက်သောကြောင့် ၁၉ ရာစုနှောင်းပိုင်းတွင် မှုဝါဒကြောင့် ဖြစ်ပေါ်လာသော အငတ်ဘေးကြောင့် သန်းပေါင်းဆယ်နှင့်ချီသော အိန္ဒိယလူမျိုးများစွာသည် ငတ်မွတ်ခေါင်းပါးပြီး သေဆုံးခဲ့ရကြောင်း သမိုင်းပညာရှင်များက ဖော်ထုပ်ခဲ့သည်။

ကိုလိုနီခေတ်အုပ်ချုပ်သူများသည် ၎င်းတို့မူဝါဒ၏အကျိုးဆက်များကို အပြည့်အဝသိရှိခဲ့ကြသည်။ လူသန်းပေါင်းများစွာငတ်မွတ်နေချိန် ကြည့်ရှုခဲ့ကြသော်လည်း သူတို့၏မှုဝါဒများကို မပြောင်းလဲခဲ့ကြပေ။ ၎င်းတို့သည် လူများအသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သောအရင်းအမြစ်များကို သိလျှက်နှင့် ဆက်လက်၍ ကြည့်နေခဲ့ကြသည်၊၊ ဗစ်တိုးရီးယားခေတ်နှောင်းပိုင်း၏ ထူးထူးခြားခြားသေဆုံးမှု အကျပ်အတည်းသည် မတော်တစ်ဆမှုမဟုတ်ပါ။ သမိုင်းပညာရှင် Mike Davis က ဗြိတိန်၏နယ်ချဲ့မှုဝါဒသည် “ပေ ၁၈၀၀၀ မှဗုံးများဖြင့် ကြဲချခြင်းနှင့် တူညီနေကြောင်း”ဟု ပြောထားသည်။

ကျွန်ပ်တို့၏ သုတေသနပြုချက်အရ ဗြိတိန်၏အမြတ်ထုတ်လုပ်မှု မူဝါဒသည် ၁၈၈၁-၁၉၂၀ ကာလများအတွင်း ပိုမိုသေဆုံးမှု သန်း၁၀၀ ခန့်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။ ဤသည်မှာ နိုင်ငံတကာဥပဒေတွင် ခိုင်မာသော စံနှုန်းဖြင့် လျှော်ကြေးပေးခြင်းအတွက် ရိုးရှင်းသောကိစ္စဖြစ်သည်၊၊ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျာမနီသည် မီးလောင်တိုက်သွင်းခံရသူများကို လျော်ကြေးပေးရန်အတွက် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး မကြာသေးမီက ၁၉၀၀ခုနှစ်များအစောပိုင်းတွင် ဖြစ်ပွားခဲ့သော ကိုလိုနီရာဇဝတ်မှုများအတွက် နမီးဘီးယားအား လျော်ကြေးပေးရန် သဘောတူခဲ့သည်။ လူဖြူလူနည်းစုအစိုးရ၏ အကြမ်းဖက်ခြင်းကိုခံခဲ့ရသော တောင်အာဖရိကတွင် လျော်ကြေးငွေများပေးဆောင်ခဲ့သည်၊၊

သမိုင်းကိုမပြောင်းလဲနိုင်သလို ဗြိတိသျှအင်ပါယာ၏ ရာဇဝတ်မှုများကို ဖျောက်ဖျက်၍ မရနိုင်ခဲ့ပါ။ သို့သော်လျော်ကြေးပေးခြင်းသည် ကိုလိုနီနယ်ချဲ့စနစ်မှ ဖြစ်ပေါ်လာသော ဆုံးရှုံးနစ်နာမှုနှင့် မမျှတမှု၏အမွေအနှစ်များကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးနိုင်သည်၊၊ ဤသည်ကား တရားမျှတမှုနှင့် ကုစားခြင်းဆီသို့ အရေးကြီးသည့် ခြေလှမ်းတစ်ခုဖြစ်ပေသည်။

Aljazeera သတင်းဌာနတွင် ဒီဇင်ဘာလ ၂ ရက်နေ့က ဖော်ပြခဲ့သည့် How British colonialism killed 100 million Indians in 40 years ဆောင်းပါးကို ABN မှဘာသာပြန်ထားခြင်းဖြစ်သည်။ မူရင်းစာရေးဆရာများမှာ Dylan Sullivan နှင့် Jason Hickel တို့ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ