Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်လာရန် ရူပီး ကုဋေ (၄၀,၀၀၀) ကို စွန့်လွှတ်ခဲ့သော ဘီလျံနာ၏သား

ဗုဒ္ဓဘာသာ ရဟန်းတစ်ပါး ဖြစ်လာရန် ရူပီး ကုဋေ (၄၀,၀၀၀) ကို စွန့်လွှတ်ခဲ့သော ဘီလျံနာ၏သား

အရှင် အရှင်သိရီပညော (Ajahn Siripanyo)

AB News-ဘာသာပြန်

သြဂုတ် ၂၂ ရက်

ဘီလျံနာ အာနန္ဒ ခရစ္စနန်၏သား အရှင်သိရီပညော သည် သူ၏အမွေရပိုင်ခွင့်များကို စွန့်လွှတ်ကာ ဘာသာတရားကို ရှာဖွေဆည်းပူး လိုက်စားသော ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်လာရန် ရွေးချယ် ခဲ့သည်။

ဆက်သွယ်ရေးလုပ်ငန်းတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Krishnan တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဂြိုလ်တု၊ မီဒီယာနှင့် အိမ်ခြံမြေကဲ့သို့သော အမျိုးမျိုးသောစီးပွားရေး လုပ်ငန်းများကိုလည်း ပိုင်ဆိုင်သူတစ်ဦးဖြစ်သည်။

ဇူလိုင် ၂၀၊ ၂၀၂၃

Robin Sharma ၏ စိတ်ကူးယဉ်စာအုပ်ဖြစ်သော “The Monk Who Sold His Ferrari” တွင် နာမည်ကျော်ကြားသောရှေ့နေကြီး ဂျူလီယန်မာန်တယ်လ် တစ်ယောက် ဘာသာရေးလမ်းခရီးပေါ် လျှောက်လှမ်းရန်အတွက် သူ၏အိမ်ကြီးနှင့် ဖရာရီကားကို ရောင်းချခဲ့သည်။ ဂျူလီယန်မာန်တယ်လ်၏ ဇာတ်လမ်းမှာ စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ဖြစ်သော်လည်း အရှင်သိရီပညော၏ ဇာတ်လမ်းမှာ အမှန် ဖြစ်ရပ်မှန်ပင်ဖြစ်သည်။

ဘီလျံနာ အာနန္ဒခရစ္စနန်၏ တစ်ဦးတည်းသောသားဖြစ်သူ အရှင်သိရီပညောသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၏ ခြိုးခြံသောအကျင့်ကို ကျင့်ကြံအားထုတ်ရသောဘဝကို လိုက်နာကျင့်ကြံရန် ခမ်းနားထည်ဝါသော ဘဝမှ ရုန်းထွက်ပြီး ထူးခြားသောရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

ရူပီး ကုဋေ (40,000) (ဒေါ်လာ 5 ဘီလီယံ) ကျော်တန်ဖိုးရှိသော တယ်လီကွန်းအင်ပါယာ၏ အမွေဆက်ခံသူဖြစ်သော အရှင်သိရီပညောသည် သူ့ဖခင်၏ ကြီးမားသောစီးပွားရေးလုပ်ငန်းများ နှင့် အတူပါလာသော ဇိမ်ခံပစ္စည်းများ နှင့် တာဝန်များကို စွန့်ပယ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းက လူများစွာကို အံဩသင့် စေခဲ့သည်။

တယ်လီကွန်းလုပ်ငန်းတွင် အောင်မြင်မှုများကို ရရှိထားပြီးဖြစ်သော AK (သို့) အနန္ဒ ခရစ္စနန် (Ananda Krishnan) သည် ဆက်သွယ်ရေး၊ မီဒီယာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေနှင့် ဂြိုလ်တုများ အပါအဝင် အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းများကိုလည်း ပိုင်ဆိုင်ထားသည်။

သူ၏ထင်ပေါ် ကျော်ကြားမှုကို ခရစ်ကတ်အကျော်အမော် MS Dhoni က ဦးဆောင်သော အထင်ကရ IPL အဖွဲ့ (the Chennai Super Kings) ကို စပွန်ဆာပေးခဲ့သည့် ထင်ရှားကျော်ကြားသော အိန္ဒိယဖုန်းကုမ္ပဏီ Aircel ၏ ပိုင်ဆိုင်မှုဖြင့် အလေးပေးဖော်ပြကြသည်။

သူ့ဖခင်၏ ကြီးမားသော ချမ်းသာကြွယ်ဝမှုကို အမွေဆက်ခံရန် ပြုစုပျိုးထောင်ထားသော်လည်း အရှင်သိရီပညောသည် လောကီဥစ္စာပစ္စည်းပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ သာသာတရားအပေါ် အာရုံစိုက်လုပ်ဆောင်ရန်အတွက် မတူညီသောလမ်းကြောင်းကို ရွေးချယ်ခဲ့သည်။

ဗုဒ္ဓဘာသာကို ကြည်ညိုသူ ပရဟိတသမားတစ်ဦး ဖြစ်သော အနန္ဒ ခရစ္စနန်သည် သူ၏ပရဟိတလုပ်ငန်းများကြောင့် လူသိများသော်လည်း၊ သာသနာ့ဘောင်သို့ဝင်ပြီး ရဟန်ဝတ်ရန်ဖြစ်သော သားဖြစ်သူ၏ ဆုံးဖြတ်ချက်သည် ဘာသာတရားအပေါ်သက်ဝင်ယုံကြည်သော တန်ဖိုးများအတွက် ထူးခြားသော ကတိကဝတ်ကို ထင်ရှားပေါ်လွှင်စေခဲ့သည်။

အရှင်သိရီပညော၏ ဆုံးဖြတ်ချက်နောက်ကွယ်ရှိ တိကျသေချာသော စေ့ဆော်မှုအကြောင်း အသေးစိတ်အချက်အလက်များကို လျှို့ဝှက်ထားသော်လည်း၊ အပြန်ခရီးထွက်စဉ်အတွင်း စိတ်အပန်း ဖြေရန်အတွက် သူသည် ခြိုးခြံသောကျင့်စဉ်ဘဝကို ကနဦးရှာဖွေခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။

သို့သော်လည်း ယာယီအတွေ့အကြုံအဖြစ်ဖြင့် စတင်ခဲ့သည့်အရာမှ တစ်သက်တာလုပ်ဆောင်ရမည့် ကတိကဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏ ကြီးမားလှသော ချမ်းသာကြွယ်ဝမှု နှင့် ရုပ်ဝတ္ထုစည်းစိမ်တို့ကို စွန့်လွှတ်ကာ အာဟာရအတွက် လှူဒါန်းစွန့်ကြဲသောဆွမ်းတို့ကို အမှီပြုကာ ကျိုးနွံသောဘဝ ရပ်တည်မှုကို ရွေးချယ်ခဲ့သည်။

အရှင်သိရီပညောသည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ (Dtao Dum) ကျောင်းတိုက်တွင် ကျောင်းထိုင် ဆရာတော်အဖြစ် သီတင်သုံးနေထိုင်လျက်ရှိပြီး ဘုန်းကြီးဘဝအတွက် မိမိကိုယ်ကို ရည်စူးပြီး အပ်နှံခဲ့သည်မှာ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကြာမြင့်ပြီးဖြစ်သည်။

ကောလာဟလတွေအရ သူ့မှာ ထိုင်းတော်ဝင်မိသားစုနဲ့ သူ့မိခင်ဖက်မှတော်စပ်သည့် တော်ဝင်မျိုးရိုးတွေ ရှိနိုင်ကြောင်းဆိုသည်။

United Kingdom (UK) တွင် သူ၏ညီအစ်မနှစ်ယောက်နှင့်အတူ ကြီးပြင်းလာသူ အရှင်သိရီပညောသည် ထူးခြားသော ဘာသာစကားစွမ်းရည်တစ်ခုလည်း ပိုင်ဆိုင်ထားပြီး ဘာသာစကား ရှစ်မျိုးအထိ ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်သည်။

ကိုယ်ပိုင်ရွေးချယ်မှုများ၏ လေးနက်သောအကျိုး သက်ရောက်မှုနှင့် ဘာသာတရားခံယူချက်၏စွမ်းအားကို သရုပ်ဖော်ကာ သူ၏အမွေ၊ရပိုင်ခွင့်များကို စွန့်လွှတ်ပြီး ဝိဉာဏလမ်းစဉ်ကို လျှောက်လှမ်းရန် သူ၏ဆုံးဖြတ်ချက်သည် ကမ္ဘာကြီးကို အာရုံစိုက်စေခဲ့သည်။

အရှင်သိရီပညော၏ ဇာတ်လမ်းသည် ပစ္စည်းဥစ္စာကြွယ်ဝခြင်းထက်ပိုသော ပြည့်စုံမှုကိုရှာဖွေကာ ရိုးရှင်းမှုနှင့် ဘာသာတရားအပေါ်သက်ဝင်ယုံကြည်မှု ကြီးထွားလာသောဘဝ တို့ကို ဆုပ်ကိုင်ထားရန် အခြားသူများကို လှုံ့ဆော်ပေးလျက်ရှိသည်။

Ref: The Economist Time: Title; Meet Ajahn Siripanyo: The Billionaires son who gave up Rs 40,000 crore to become a monk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရဆဲ မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်တွေကို မိုးရာသီ ရေညှိစိမ်းစိမ်းစိုစိုဖြင့် လှပနေတဲ့ ဓာတ်ပုံမြင်ကွင်းများဖြစ်ပါတယ်။
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ