Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗီယက်နမ်တွင် သမ္မတအသစ် တင်မြှောက်

ဗီယက်နမ်တွင် သမ္မတအသစ် တင်မြှောက်

ABN-မေအိအိအောင်၊နွယ်စိုး

ဗီယက်နမ်နိုင်ငံတွင် အာဏာရပါတီ တစ်ခုဖြစ်သော ကွန်မြူနစ်ပါတီမှ ပေါ်လစ်ဗြူရိုအဖွဲ့ဝင် Vo Van Thuong ကို သမ္မတအသစ်အဖြစ် လွှတ်တော်မှ ယနေ့တွင် အတည်ပြု တင်မြှောက်လိုက် ​ ကြောင်း သိရသည်။

အသက် ၅၂ နှစ် ရှိပြီဖြစ်သည့် Vo Van Thuong ကို သမ္မတအဖြစ် ကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့တွင် အဆိုတင်သွင်းပြီးနောက် ယနေ့ကျင်းပသည့် လွှတ်တော်အထူးအစည်းအဝေးတွင် လွှတ်တော်အမတ်များက သမ္မတအဖြစ် တင်မြှောက်ရန် အတည်ပြုလိုက်သည်။

ယခင်က သမ္မတ Nguyen Xuan Phuc ကို ဇန်နဝါရီလအတွင်းတွင် ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပြီး နိုင်ငံတဝန်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အချိန်အတွင်းမှာပင် သမ္မတသစ် Vo Van Thuong ကို ရွေးကောက် တင်မြှောက်လိုက်ကြောင်း သိရသည်။

သမ္မတသစ်အနေအဖြင့် သူ့အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ဆက်လက် ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ ပထမဆုံး ပြောကြားသည့် မိန့်ခွန်းတွင် ပြောခဲ့သည်။

၎င်းသည် ဗီယက်နမ်နိုင်ငံ၊ ဗီယက်နမ်ပြည်သူများနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြည့်အဝသစ္စာရှိသွားမှာ ဖြစ်ပြီး၊ ပါတီနဲ့ ပြည်သူလူထုမှ ပေးအပ်လိုက်သည့် တာဝန်များကို ထမ်းဆောင်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗီယမ်နမ်နိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်ခဲ့သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

သမ္မတသစ် Vo Van Thuong သည် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ပါတီအထွေထွေအတွင်းရေးမှူး Nguyen Phu Trong နဲ့လည်း နီးစပ်သူတစ်ဦးဖြစ် ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်