Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗီယက်နမ်တွင် တိုင်းရင်းဆေးဝါးဖော်စပ်ရန် ရည်ရွယ်ထားသည့် ကြောင်အသေ ၂၀၀၀ ကို ရဲများတွေ့ရှိ

ABN-နွယ်စိုး

ဗီယက်နမ်တွင် တိုင်းရင်းဆေးဖော်စပ်ရန်အတွက် အသုံးပြုရန် ရည်ရွယ်ထားသည့် ကြောင်အသေကောင် ၂၀၀၀ ခန့်လောက်ကို ဗီယက်နမ် ရဲတပ်ဖွဲ့များမှ တွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သောကြာနေ့က ပြောကြားခဲ့သည်။

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ Dong Thapပြည်ရှိ သားသတ်ရုံတစ်ခုတွင် အခြားသက်ရှိ တိရစ္ဆာန်ပေါင်း ၄၈၀နှင့် အတူ ကြောင်သေအလောင်းများကို တွေ့ရှိခဲ့ကြောင်း ပြည်နယ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါကြောင်းများမှာ အအေးခန်းထဲတွင် သိုလှောင်ထားပြီး ဗီယက်နမ် မြောက်ပိုင်းသို့ ပို့ဆောင်ရန် စီစဥ်နေသည်ဟု ယူဆရသည်။

ဗီယက်နမ်၏ အချို့‌သောကြောင်အရိုးများမှ ထုတ်ယူ၍ ရရှိလာသည့် အဆီအနှစ်များသည် ပန်းနာရင်ကြပ်ခြင်းနှင့် အရိုးပွရောဂါ ကဲ့သို့သော ရောဂါများကို ကုသရာတွင် အသုံးဝင်သည် ဟု ယူဆကြသည်။

ဗီယက်နမ်တွင် နှစ်စဥ်နှစ်တိုင်း တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ရောင်းဝယ်မှုကြောင့် ကြောင်တစ်သန်းခန့်အထိ သားကောင်ဖြစ်နေကြာင်း တိရိစ္ဆာန်စောင့်ရှောက်ရေး အဖွဲ့အစည်း Four Paws International မှ ခန့်မှန်းထားသည်။

ထို့အပြင် ဗီယက်နမ်တွင် ခွေးနှင့်ကြောင် စားသုံးမှုကို တရားဝင် ခွင့်ပြုထားသော်လည်း စားသောက်ဆိုင်များတွင် အသားငါးများကို ရောင်းချရန် သတ်ဖြတ်ခွင့်နှင့် တိရစ္ဆာန်များ၏ မူလဇာတ်မြစ်ကို ဖော်ပြထားသည့် လက်မှတ်များကို ပြသရန် လိုအပ်သည်ဟု သိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ယခုအချိန်အထိ မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်းမရှိသေးပေ။

အာရှနှင့် ဗီယက်နမ်တွင် တိုင်းရင်းဆေးလုပ်ငန်းသည် တရားမဝင်တောရိုင်းတိရစ္ဆာန်များနှင့်ပတ်သက်လို ကုန်သွယ်မှုကို အဓိက မောင်းနှင်ထားပြီး စားသုံးခြင်းနှင့် သယ်ယူပို့ဆောင်သည့်နေရာတစ်ခုဖြစ်သည်။

ဗီယက်နမ်တွင် တိုင်းရင်းဆေးဝါးဖော်စပ်ရန် ရည်ရွယ်ထားသည့် ကြောင်အသေ ၂၀၀၀ ကို ရဲများတွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ