သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ကို NUG က တိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း BNRA ထုတ်ပြန်

AB News-ဇန်နဝါရီ ၉၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အား တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း NUG က ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နှင့် ပုလဲမြို့နယ် ကာလုံတာဝန်ရှိသူ သစ်ညိမ်းတို့သည် BNRA ကို တိုက်ခိုက်ရန်အတွက် ယမန်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင်ယမန်နေ့ မှစ၍ NUG မှ တပ်အင်အားများ စုစည်းပြင်ဆင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း BNRA စခန်းတစ်ခုအား NUG ၏ခရိုင်တပ်ရင်းမှ လက်နက်များဖြင့်လာရောက်ဝိုင်းဝန်းပိတ်ဆို့စဥ် NUG ဘက်မှ ခရိုင်တပ်ရင်းမှူး နှင့်စစ်ကြောင်းမှုအပါအဝင် လူအင်အား ၃၀ ခန့်နှင့် လက်နက်တချို့ကို သိမ်းဆည်းနိုင်ခဲ့ပြီး NUG တပ်များပြန်ဆုတ်ရန် BNRA တပ်ဖွဲ့မှ ဖိအားပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်ဝန်းရံမှုနှင့်ပတ်သတ်၍ ကာကွယ်ရေးဝန်ကြီးထံ ဖြေရှင်းချက်တောင်းဆိုခဲ့သော်လည်း NUG ဘက်မှ တုန်ပြန်ခြင်းမရှိခဲ့ကြောင်းဆိုသည်။

ယခုတစ်ကြိမ်တွင် NUG အနေဖြင့် BNRA အဖွဲ့အစည်းပေါ် ရန်ဘက်အား တိုက်ခိုက်မည့် အစီအစဥ်ဖြင့်ရှေ့တိုး လုပ်ဆောင်လာပါက အဆုံးစွန်ထိ ရင်ဆိုင်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေသားဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ