သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗန်းမောက်မြို့တစ်ဝက်ခန့်ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်

AB News ဇန်နဝါရီ ၂၀၊ ၂၀၂၆
LOKI

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ စစ်ကိုင်းနှင့် ကချင်ပြည်အစပ်က တော်လှန်‌ရေတပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ တဝက်ခန့်ကို စစ်ကောင်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)တို့ ပူးပေါင်း၍ ဗန်းမောက်မြို့ကို လေကြောင်း၊ လက်နက်ကြီးအမျိုးမျိုးဖြင့် ပစ်ကူပေးကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေခြင်းကြောင့် လက်ရှိ မြို့တစ်ဝက်ခန့်ကို ပြန်လည်ထိန်းချုပ်သွားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင်လည်း ရေးသားဖော်ပြကြသည်ကို တွေ့ရှိရသည်။

“တိုက်ပွဲကတော့ မြို့ထဲမှာ ဆက်ဖြစ်နေတယ်။ လက်ရှိကတော့ မြို့ရဲ့တစ်ဝက်လောက် ပါသွားပြီလို့ ပြောလို့ရတယ်။ မြို့တစ်ဝက်ဆိုတာက မြို့မဘုန်းကြီးကျောင်းဘက်၊ စာသင်ကျောင်းဘက်တွေ ပါသွားတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The Irrawaddy သတင်းဌာနအား အတည်ပြုပြောဆိုထား‌သည်။

ဗန်းမောက်မြို့ကို စကမတပ်က အပြင်းအထန် ထိုးစစ်ဆင်ကာ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလည်း ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း သိရှိရသည်။

အဆိုပါဗန်းမောက်မြို့ကို အမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်(NUG)၏ လက်အောက်ခံ အမှတ် ၁ စစ်ဒေသက ပြီးခဲ့သည့်နှစ် စင်တက်ဘာလ ၂၀ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ဗန်းမောက်မြို့ရှိ ရှမ်းနီကျေးရွာများကို ဗုံးကြဲမီးရှို့ပြီး အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေ‌သည့် စကမတပ်နှင့် ရှမ်းနီတပ်ဖွဲ့တို့ ပူးပေါင်းနေခြင်းမှာ ရှမ်းနီပြည်သူတွေအတွက် အလွန်ရင်နာစရာကောင်းသော သစ္စာဖောက်မှု တစ်ခုပင်ဖြစ်ကြောင်း ရှမ်းနီတိုင်းရင်းသားအရေး လှုပ်ရှားနေသူတစ်ဦး၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ