သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗင်နီဇွဲလား ရေနံစိမ်း စည်ပေါင်း သန်း ၅၀ နီးပါးကို အမေရိကန် ဝယ်ယူမည်

AB News- ဇန်နဝါရီ ၇၊ ၂၀၂၆

အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိသော ဗင်နီဇွဲလားနိုင်ငံက ရေနံစိမ်း စည်းပေါင်း သန်း ၅၀နီးပါးကို အမေရိကန်သို့ ရောင်းချမည်ဟု ဗင်နီဇွဲလား အစိုးရအသစ်နှင့် ထရမ့်ကြား ယနေ့ဇန်နဝါရီ ၇ ရက်တွင် သဘောတူညီ ခဲ့ကြသည်ဟု သိရသည်။

အမေရိကန်က ဗင်နီဇွဲလား သမ္မတ မာဒူရိုကိုဖမ်းဆီးပြီးနောက် ရေနံရောင်းချရေးကို ထရမ့်နှင့် လက်ရှိ ဗင်နီဇွဲလား အစိုးရအသစ် အဖွဲ့နှင့် ချက်ချင်း အကောင်အထည် ဖော်ကြခြင်းဖြစ်သည်။

ဗင်နီဇွဲလားက အမေရိကန်ကို ရောင်းချရမည့် ရေနံစိမ်း စည်းပေါင်း သန်း ၃၀ မှ ၅၀ ကို လက်ရှိပေါက်ဈေးအရ ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံအထိ ရှိကြောင်းသိရသည်။

ယင်းက ရရှိသော အကျိုးအမြတ်များကို အမေရိကန်ပြည်သူများနှင့် ဗင်နီဇွဲလား ပြည်သူများအတွက် အသုံးပြုသွားမည်ဟု သမ္မတ ထရမ့်က ပြောကြားထားသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေး ခေါင်းစဉ်ဖြင့် ဗင်နီဇွဲလား သမ္မတ မာဒူရိုကို ထရမ့်က ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် မာဒူရိုကို အမေရိကန်တရားရုံးတွင် တရားစွဲဆိုထားသည်။

ဗင်နီဇွဲလားနိုင်ငံကိုလည်း အမေရိကန်က လက်လွှဲအုပ်ချုပ်သွားမှာဖြစ်ပြီး လက်ရှိ ဗင်နီဇွဲလားအစိုးရအသစ်အဖွဲ့အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် မပူးပေါင်းပါက ထပ်မံ တိုက်ခိုက်သွားမည်ဟု ထရမ့်က ပြောဆိုထားသည်။

ထို့ကြောင့် ဗင်နီဇွဲလား အစိုးရအသစ်အဖွဲ့သည် ထရမ့်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ရေနံစိမ်းများ ရောင်းချရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ