Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖီလစ်ပိုင်တွင် အမေရိကန်စစ်စခန်းများ တိုးချဲ့ခြင်းကို တရုတ်ကန့်ကွက်

ဖီလစ်ပိုင်တွင် အမေရိကန်စစ်စခန်းများ တိုးချဲ့ခြင်းကို တရုတ်ကန့်ကွက်

ABN-ရှိုင်းမိုး

ဖီလစ်ပိုင်တွင် အမေရိကန်စစ်စခန်းများတိုးချဲ့ခြင်းနှင့် ပတ်သက်၍ ဒေသ အတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်​စေ သည်ဟုဆိုကာ ဧပြီ ၄ ရက်နေ့တွင် တရုတ်ဖက်က ပြောဆိုကန့်ကွက်လိုက်ကြောင်း သိရသည်။

ပြီးခသည့် ဧပြီလ ၃ ရက်နေက အမေရိကန်က ထပ်တိုးစခန်းချနေထိုင်မည့်နေရာ ၄ ခုရှိကြောင်း ဖိလစ်ပိုင်ကကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောခွင့်ရ Mao Ning က ထိုသို့ တုန့်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အနီးတဝိုက်နှင့် ထိုင်ဝမ်အပါအဝင် တခြားနေရာများတွင်အခြေ စိုက်စခန်းများ အသုံးပြုမည့် ဖီလစ်ပိုင်နှင့် အမေရိကန်တို့၏ သဘောတူညီချက်သည် ဒေသအတွင်းငြိမ်းချမ်းရေးကို အန္တရာယ်ဖြစ်စေ နိုင်သည်ဟု Mao Ning က ဆိုသည်။

အဲဒီအ​​ပြင် အမေရိကန်သည် တကိုယ်ကောင်းဆန်ဆန် လိမ်လည်ပြီး စစ်ရေးဖြန့်မှုအားကောင်းရန် လုပ်ဆောင်နေသည့်အတွက် စစ်ရေး တင်းမာမှုမှာပိုမိုကြီးထွားလာနိုင်ကြောင်း Mao Ning က ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က ချုပ်ဆိုခဲ့သည် EDCA ကာကွယ်ရေး အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီ ချက်အရ အမေရိကန်တပ်သည် ဖိလစ် ပိုင်စစ်စခန်း ၅ ခုမှာ အခြေစိုက်ခွင့်ရှိခဲ့ပြီးနောက်ပိုင်းတွင် စစ်စခန်း ၉ ခုထိ အခြေစိုက်ခွင့်ရထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ