သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖားကန့်တွင် ရက္ခိုင်ဇနီးမောင်နှံနှစ်ဦး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

AB News – မတ် ၅၊ ၂၀၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကရင်ချောင်ကျေးရွာတွင် နေထိုင်နေသော ရက္ခိုင်လူမျိုး ဇနီးမောင်နှံနှစ်ဦးမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း သတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါ ဇနီးမောင်နှံမှာ ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ဦးငမိူင်းနှင့် ဒေါ်ခင်သန်းတို့၏သား ကိုခိုင်မျိုးမင်းအသက် ၃၁ နှစ် နှင့် တောင်ကုတ်မြို့မှ မအေးအေးဝင်း အသက် ၃၀ နှစ် တို့ဖြစ်သည်။

၎င်းတို့အား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယနေ့အချိန်အထိ လက်နက်ကိုင် လူတစ်စုမှ အမြဲစောင့်ကြည့်နေပြီး အပြင်ထွက်သည့်အချိန်တွင်လည်း နောက်ယောင်ခံလိုက်နေကြောင်း သိရသည်။

“ကျွန်တော်မှာ ဘာအပြစ်မှ မရှိပါဘူး။ ကချင်အထက်လူကြီးတွေ သိအောင် ကူညီပေးပါ။ အရမ်းဒုက္ခရောက်နေပါတယ်။ ကျွန်တော်တို့ကို လူတစ်စုက သတ်ပစ်ဖို့ ကြံစည်နေကြပါတယ်” ဟု ကိုခိုင်မျိုးမင်း က နိရဥ္စရာသတင်းဌာနကို ပြောကြားထားသည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှုးထံသို့ ၄ ကြိမ်တိုင် သွားရောက်တိုင်ကြားခဲ့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။

ထိုကဲ့သို့ အခြေအနေများကြောင့် လက်ရှိတွင် ၎င်းတို့၏ နေအိမ်အတွင်း၌သာ နေထိုင်နေရပြီး အလုပ် မသွားနိုင်သဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့ နေထိုင်ရာဒေသများ၌ ရက္ခိုင်လူမှုအဖွဲ့အစည်းများ မရှိသည့်အပြင် အဆက်အသွယ်များလည်း မရှိသဖြင့် အဆက်အသွယ်ရရန် ခက်ခဲနေကြောင်းလည်း သိရသည်။

ArakanBayNews #AB_News #ရက္ခိုင်ဇနီးမောင်နှံနှစ်ဦး #အသက်အန္တရာယ် #ခြိမ်းခြောက်ခံနေရ #Kachin_State

ထင်မြင်ယူဆချက်‌‌ပေးရန်