Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖလော်ရီဒါပြည်နယ်တွင် အပူပိုင်းမုန်တိုင်း ldaliaတွင် တိုက်ခတ်နိုင်ခြေရှိသောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များပြော

ဖလော်ရီဒါပြည်နယ်တွင် အပူပိုင်းမုန်တိုင်း ldaliaတွင် တိုက်ခတ်နိုင်ခြေရှိသောကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များပြော

ABN-နွယ်စိုး

သြဂုတ်၂၉ ရက်

အမေရိကန်နိုင်ငံရှိ ဖလော်ရီဒါပြည်နယ်တွင် လာမည့် တနင်္လာနေ့၌ အပူပိုင်းမုန်တိုင်း ldalia တွင်တိုက်ခိုက်နိုင်ခြေရှိသည့်အတွက်ကြောင့် ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် မြေနိမ့်ပိုင်းနေရာများတွင် နေထိုင်ကြသည့် ဒေသခံများအနေနှင့် ၄င်းတို့ နေအိမ်များမှ ဘေးလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် အုပ်ချူပ်ရေးမှူး Ron Desantic က ပြောကြားထားသည်။

“ဒီည TropicalStormIdalia အတွက် မင်းရဲ့ပြင်ဆင်မှုကို ပြီးအောင်လုပ်သင့်တယ်” လို့ Tampa Bay မှာရှိတဲ့ အမျိုးသားမိုးလေဝသဌာနက အရင်က Twitter လို့သိကြတဲ့ X မှာ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ထိုအပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ဖလော်ရီဒါပြည်နယ်နှင့် နယ်နိမိတ်ချင်း နီးကပ်လျက်ရှိသော ကျူးဘားနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေလွှမ်းမိုးမှုဖြစ်နိုင်ချေရှိသည့် Cuyaguateje မြစ်ကို အာဏာပိုင်များက စောင့်ကြည့်နေကြချိန် ပြည်နယ်အတွင်းရှိ ဒေသခံများအား သူငယ်ချင်းများနှင့် ဆွေမျိုးများ၏ နေအိမ်များသို့ ရွှေ့ပြောင်းနေကြရန် သတိပေးထုတ်ပြန်ခဲ့သည်။

ကျူးဘားနိုင်ငံတွင် တနင်္ဂနွေနေ့က မိုးရွာသွန်းမှု ၁၀ စင်တီမီတာ (၄ လက်မ) ရွာသွန်းခဲ့ကြောင်း မိုးလေဝသဌာနများက သတင်းထုတ်ပြန်ခဲ့သည်။

ကျူးဘားနိုင်ငံသည် ဖလော်ရီဒါပြည်နယ်နှင့် နီးကပ်လျက်ရှိ၍ ဖလော်ရီဒါပြည်နယ်ရှိ ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူများသို့လည်း နီးကပ်လာနိုင်ခြေရှိနေသည့်အတွက် ဒေသခံများအနေဖြင့် ကြိုတင် ပြင်ဆင်မှုများကို အပြီးအသတ်လုပ်ကြရန် အုပ်ချုပ်ရေးမှူးRonက တိုက်တွန်း ပြောဆိုထားသည်။

Idalia သည် လာမည့် အင်္ဂါနေ့နှောင်းပိုင်းတွင် ဖလော်ရီဒါပြည်နယ်သို့ အင်အားပြင်း လေပြင်းများ စတင်ဝင်ရောက်နိုင်ခြေရှိကာ ကမ်းခြေသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ထိုအပူပိုင်းမုန်တိုင်းသည် ယခုနှစ်တွင် ဖလော်ရီဒါပြည်နယ်သို့ဝင်ရောက်တိုက်ခတ်မှုမှာ ပထမဆုံး မုန်တိုင်းဖြစ်ပြီး ပြည်နယ်အတွက် အကြီးမားဆုံးမုန်တိုင်းအဖြစ် ဝင်ရောက်နိုင်ခြေရှိသည်။

“ဒီအရာတွေအတွက် ပြင်ဆင်ရမယ်၊ အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ရမှာပါ”ဟု အုပ်ချုပ်ရေးမှူး Ron က ပြေားကြားထားသည်။

ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis က ခရိုင် ၄၆ ခုတွင် အရေးပေါ် အခြေအနေ ကြေညာထားပြီး ပြည်နယ်၏ မြောက်ပိုင်းတစ်ဝက်ရှိ ပင်လယ်ကွေ့ကမ်းရိုးတန်းမှ အတ္တလန္တိတ်ကမ်းရိုးတန်းအထိ ကယ်ဆယ်ရေးများပြုလုပ်ရာတွင် ရေမြင့်ယာဥ် ၂၄၀၀ ယာဥ် နှင့် လေယာဥ် ၁၂စင်းပါရှိသည့် အမျိုးသားအစောင့်တပ်သား ၁၁၀၀ကို စုစည်းထားခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Rom က ပြောကြားခဲ့သည်။

Tampa အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် St Pete-Clearwater အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကိုလည်း အင်္ဂါနေ့တွင် ပိတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး Orlando ရှိ Sunrail ခရီးသည်ပို့ဆောင်ရေး ရထားဝန်ဆောင်မှုကိုလည်းရပ်ဆိုင်းထားကြောင်း သိရသည်။

ဖလော်ရီဒါပြည်နယ် အနောက်ဘက် ကမ်းရိုးတန်းဒေသ အများစုသည် မုန်တိုင်းဒီရေလှိုင်းများနှင့် ရေကြီးမှုများ ဖြစ်နိုင်ခြေရှိပြီး ခရိုင် ၂၁ခုထဲက ခရိုင်၈ခုမှာ လူအချို့ကို မဖြစ်မနေ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ထိုသတိပေးချက်အများစုသည် မြေနိမ့်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများရှိ လူများ၊ အိမ်များ၊ အပန်းဖြေယာဉ်များနှင့် လှေများကဲ့သို့သော အဆောက်အဦးများတွင် နေထိုင်သူများအတွက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Tampa ၏မြောက်ဘက်တွင်ရှိသော Pasco နှင့် Levy ခရိုင်နှစ်ခုလုံး၌ နေထိုင်သူအချို့ကိုမဖြစ်မနေရွှေ့ပြောင်းရန်အမိန့်ပေးထားပြီး လီဗိုင်းကောင်တီရှိ Cedar Keyကျွန်း ၌ နေထိုင်သူများကိုလည်း အင်္ဂါနေ့ညနေပိုင်းတွင် ကျွန်းမှထွက်ခွာရမည်ဟု တာဝန်ရှိသူများကပြောကြားထားသည်။

“မုန်တိုင်းဒီရေတက်လာတာနဲ့ သင့်ဆီရောက်ဖို့ အကူအညီတွေ မရနိုင်ပါဘူး” ဟု Ronက လူထုအကြံပေးချက်တွင် ပြောကြားခဲ့သည်။

ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက်ရှိ စာသင်ကျောင်း အများအပြားကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် ပိတ်မည်ဖြစ်၍ Gainesville ရှိ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်အပါအဝင် ကောလိပ်တို့လည်း အင်္ဂါနေ့တွင် ပိတ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

သမ္မတ Joe Biden အနေဖြင့် ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး၏ ပြည်နယ်အတွက် အရေးပေါ် ကြေငြာချက်ကို အတည်ပြုခဲ့ကြောင်း အိမ်ဖြူတော်က သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုအပူပိုင်းမုန်တိုင်းကြောင့် ဖလော်ရီဒါအနောက်တောင်ပိုင်းတွင် ယမန်နှစ်က လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ပြီး အဆောက်အဦးပေါင်း 52,000 ပျက်စီးခဲ့ကာ ထိုအထဲမှ 20,000 နီးပါး ပြင်းထန်စွာ ပျက်စီးခဲ့ပါတယ်။

တနင်္လာနေ့ညနေ 11 နာရီအချိန် EDT တွင် အပူပိုင်းမုန်တိုင်း Idalia သည် ကျူးဘားနိုင်ငံအနောက်ဘက်စွန်းမှ ၁၀ မိုင် (၁၆ ကီလိုမီတာ) ခန့်အကွာတွင် ရှိနေပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၇၀(၁၁၀kph) ရှိနိုင်ခြေရှိသည်။

ထိုမုန်တိုင်းသည် ဖလော်ရီဒါကိုဖြတ်ကျော်ပြီးနောက် ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနားနှင့် မြောက်ကာရိုလိုင်းနားတို့တွင် လေပြင်းတိုက်ခတ်မည်ဟု ခန့်မှန်းရသည်။

ယခုနှစ်အထိတော့ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းသည် ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ လွတ်ကင်းနေပြီး သို့သော် လည်း ယခုလအစောပိုင်းက အပူပိုင်းမုန်တိုင်း Hilary ကြောင့် အနောက်ဘက်ရှိ မက္ကဆီကို၊ ကယ်လီဖိုးနီးယား၊ နီဗားဒါးနှင့် မြောက်ဘက်ခြမ်းတို့တွင် နေရာအနှံ့ ရေကြီးရေလျှံမှုများနှင့် ရွှံ့ပြိုမှုများဖြစ်ပွားခဲ့သည်။

Ref-AP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ