Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖလော်ရီဒါတွင် တတိယမြောက် ဆယ်ကျော်သက် သံသယရှိသူအား လူသတ်မှု ၃ ကြိမ်ဖြင့် ဖမ်းဆီး

ဖလော်ရီဒါတွင် တတိယမြောက် ဆယ်ကျော်သက် သံသယရှိသူအား လူသတ်မှု ၃ ကြိမ်ဖြင့် ဖမ်းဆီး

ABN-ရှိုင်းမိုး၁၀ရက်

ဖလော်ရီဒါပြည်နယ် အလယ်ပိုင်းတွင် မကြာသေးမီက ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ် ၃ဦး သေဆုံးမှုနှင့် ပတ်သက်၍ သံသယရှိသူကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

Marion County ရဲအရာရှိရုံးမှ Facebook ပို့စ်အရ Lake County Sheriff’s Office ၏အကူအညီဖြင့် စနေနေ့တွင် US Marshals Service သည် “Tahj Brewton” ကို ဖမ်းမိခဲ့သည်။

သံသယဖြင့်ဖမ်းဆီးခံထားရသူမှာ အသက် ၁၆နှစ်အရွယ် Brewtonဖြစ်သည်။

Brewtonသည် သေနတ်ကိုင်ဆောင်၍ ကားစီးခြင်း၊မော်တော်ယာဥ်ခိုးယူခြင်း၊ ဥပဒေအရာရှိတစ်ဦးထွက်ပြေးရန် ကြိုးပမ်းခြင်းတို့ကြောင့် ဖမ်းဝရမ်းဖြင့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ရဲအရာရှိရုံးမှ ပြောကြားခဲ့သည်။

သူသည် ဖလော်ရီဒါပြည်နယ် Groveland တောင်ဘက်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဆယ်ကျော်သက် ၃ ဦး၏ မကြာသေးမီက ပစ်ခတ်မှုကြောင့် သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး “နောက်ဆက်တွဲ စွဲချက်တင်ခံရမှုများ” ရှိကြောင်း Marion County ရဲအရာရှိရုံးမှ ပြောကြားခဲ့သည်။

အခြားသံသယရှိသူနှစ်ဦးဖြစ်သည့် ၁၇နှစ်အရွယ်ရှိသည့် Robert Le’Andrew Robinsonနှင့် ၁၂နှစ်အရွယ် Christopher De’l Atkins တို့ကို ပထမအဆင့် လူသတ်မှုဖြင့် ဖမ်းဆီးပြီး တရားစွဲဆိုထားကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

မတ်လကုန်ပိုင်းတွင် ဆယ်ကျော်သက် ၃ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ရှာဖွေခဲ့သည်။

မတ် ၃၀ ရက်က Forest Lakes Park ဧရိယာ လမ်းဘေး၌ ပစ်သတ်ခံခဲ့ရသည့် အသက် ၁၆ နှစ်အရွယ် Layla Silvernail ကို ရဲတပ်ဖွဲ့က ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

နောက်တနေ့နံနက်အချိန်တွင် လမ်းဘေး၌ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ထပ်တွေ့ရှိခဲ့ပြီးနောက်၊ နောက်ထပ် တတိယမြောက် အမျိုးသမီးငယ်တစ်ဦးကို ရေကန်ထဲမှာ နစ်မြုပ်နေတဲ့ ​Silvernail ရဲ့ ကားနောက်ခန်းထဲမှာ တွေ့ရှိခဲ့သည်။ အခြားသေဆုံးသူနှစ်ဦးကို ရဲတပ်ဖွဲ့က အမည်မဖော်ပြသေးပေ။

ကျူးလွန်ခံရသူများနှင့် သံသယရှိသူများသည် ရာဇ၀တ်ဂိုဏ်းများနှင့် ဆက်နွယ်နေသည်ဟု ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ