Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖမ်းဆီးခံထားရသည့် ကချင်ဘာသာရေး ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား ပြန်လွှတ်ပေးရန် အမေရိကန်တောင်းဆို

ဖမ်းဆီးခံထားရသည့် ကချင်ဘာသာရေး ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်အား ပြန်လွှတ်ပေးရန် အမေရိကန်တောင်းဆို

ABN-နွယ်စိုး

ပြီးခဲ့သည် ၂၀၂၂ ခုနှစ်က ဒီဇင်ဘာလ ၅ ရက် မနက် ၉ နာရီခန့်က ထိုင်းနိုင်ငံသို့ ဆေးကုသရန်သွားရာ စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ဆေးမေးမြန်စရာရှိသည်ဟုဆိုကာ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ကချင်ဘာသာရေး ခေါင်းဆောင် KBC ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြန်လွှတ်ပေးရန် အမေရိကန်အစိုးရမှ ကြာသပတေးနေ့က တောင်းဆိုလိုက်ကြောင်း သိရသည်။

ကချင် ခရစ်ယာန်အဖွဲ့ချုပ် KBC အကြီးအကဲ သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီး ထိန်းသိမ်းထားခြင်းနှင့်ပတ်သက်၍ အမေရိကန်မှ ပြင်းပြင်းထန်ထန်ရှုတ်ချကာ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် နှင့် တရားစွဲဆိုထားသည့် အမှုများ အားလုံးကိုလည်း ပယ်ဖျက်ပေးရန် အမေရိကန်အစိုးရမှ တောင်းဆိုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောခွင့်ရ Ned Price က ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည် ဟု သိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က ဗိုလ်မှူးသူအောင်ဖော် ဆိုသူမှ မြစ်ကြီးနားရဲစခန်းမ၌ မတရားအသင်း ဆက်သွယ်မှုဥပ‌ဒေပုဒ်မ ၁၇/၁ နှင့် တပ်မတော်ကိုအကြည်ညို ပျက်‌စေသည့် သွေးထိုး လှုံဆော်မှု ၅၀၅-က တို့ဖြင့် အမှုဖွင့်ထားသည့်အတွက်ကြောင့် လက်ရှိတွင် တရား ရင်ဆိုင်နေရကြောင်း သိရသည်။

ထပ်တိုးလိုက်သည့် အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ (က) စွဲချက်ကို အင်္ဂါနေ့က ပထမဆုံး အကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်းနှင့် ယခင် စစ်ဆေးနေသည့် ပုဒ်မ ၁၇/၁ နှင့် ပုဒ်မ ၅၀၅ (က) ပုဒ်မ နှစ်ခုမှာ လာမည့်ရုံးချိန်တွင် စွဲချက်တင်-မတင် ဆုံးဖြတ်ရန် ရှိကြောင်း ရှေ့နေ၏ ပြောကြားချက်အရ သိရသည်။

၂၀၁၉ ခုနှစ်ကလည်း ဒေါက်တာ ခလမ်ဆမ်ဆွန်အား လူနည်းစု တိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအိမ်ဖြူ‌တော်သို့ ၄င်းကိုယ်တိုင်သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အဆိုပါဖိနှိပ်မှုနှင့်ပတ်သက်ပြီး တင်ပြခဲ့မှုကြောင့် မြန်မာစစ်တပ်၏ တရားဆွဲဆိုခြင်း ခံခဲ့ရပြီးနောက်ပိုင်းတွင် အမှုအား ပြန်ရုပ်သိမ်းပေးခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ