Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြင်သစ်တွင် နိုင်ငံအနှံ့ ဆန္ဒပြမှုများ ဖြစ်ပေါ်၊ ဆန္ဒပြသူများထဲမှ ၆ ရာကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

ပြင်သစ်တွင် နိုင်ငံအနှံ့ ဆန္ဒပြမှုများ ဖြစ်ပေါ်၊ ဆန္ဒပြသူများထဲမှ ၆ ရာကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထား

ABN-ရှိုင်းမိုး

ဇွန် ၃၀ရက်

ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာမှစ၍ ဆန္ဒပြပွဲများမှတဆင့် နိုင်ငံတစ်ဝန်း အဓိကရုဏ်းများ ပျံ့နှံလာကာ ဇွန်လ ၂၉ ရက်နေ့ ညည့်အချိန်ထိ ဆန္ဒပြသူ ၆၆၇ ယောက်ကိုရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း အာဏာပိုင်များက ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့က အသက် ၁၇ နှစ်အရွယ် နာဟဲလ်ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးသွားခဲ့ရာမှစ၍ နိုင်ငံတဝန်းတွင် အဓိကရုဏ်းများဖြစ်ပွားနေခြင်းဖြစ်သည်။

ထိုအဓိကရုဏ်းများအတွင်း ဇွန်လ၂၉ ရက်နေ့ညည့်အချိန်ထိ လူပေါင်း ၆၆၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး လုံခြုံ​ရေးတပ်ဖွဲ့ဝင် ၂၄၉ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျီရယ်ဒါမာနင်က ဆိုသည်။

အကြမ်းဖက်မှုများကို ကိုင်တွယ်ရန် လုံခြုံရေးတပ်ဖွဲ့ဝင် ၉၀၀၀ မှ ၄၀၀၀၀ အထိ တိုးမြှင့်ထားပြီး အဓိကရုဏ်းကို ပြတ်ပြတ် သားသား ကိုင်တွယ်သွားမည်ဖြစ်ကြောင်း၊ ဆန္ဒပြသူများအနေဖြင့် မိမိနေအိမ်များသို့ ပြန်ကြရန်နှင့် အရေးပေါ်အခြေအနေ ကြေညာရန်မလိုအပ်သေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြို့တော်ပါရီတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများအတွင်း ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများဖောက်ခွဲ၍ လူစုခွဲခြင်း၊ ဆန္ဒပြသူများက လုံခြုံရေးအဖွဲ့ ဝင်များကို မီးရူး၊ မီးပန်းများနှင့်ပစ်ပေါက်ခြင်း၊ အမှိုက်ပုံးများ၊ ကားများကို မီးရှို့ခြင်းကဲ့သို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြို့လယ်ရှိစျေးဆိုင်များကို ဖျက်ဆီးလုယက်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ အဓိကရုဏ်းများသည် ပဲရစ်မြို့အပြင် တူးလော့စ်၊ လိုင်ယွန်၊ ရင်းနစ်၊ ကလာမတ်၊ မာဆေးလ်၊ လိုင်လီမြို့များနှင့် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့အထိ ပျံ့နှံ့ကူးစက်ခဲ့ပြီး အဆောက်အအုံနှင့် စျေးဆိုင်များ ဖျက်ဆီးခံရမှု၊ မီးရထား၊ ကားများ မီးတိုက်ခံရမှုနှင့် လူများထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး
ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားပြီးနောက် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားရန် ပြင်သစ်အစိုးရ ပြောကြား