Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါ်တူဂီနိုင်ငံတွင် ထောင်နှင့်ချီသည့် ဆရာ၊ဆရာမများ လစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆို

ABN-ကျော်ဇံ

ဆန္ဒပြတောင်းဆိုကြသည့် ကျောင်းဆရာ၊ ဆရာမများမှာ လစာတိုးမြှင့်ပေးရန် နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ကို လိုလားကြပြီး ပညာရေးဝန်ကြီးကိုလည်း ရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ပညာရေးဝန်ကြီးမှ ၄င်းလုပ်ရပ်သည် အလွန်ထူးဆန်းပြီး မလျှော်ကန်၊ အစွန်းရောက်သည့် ကိစ္စဟု ပြောကြားခဲ့သည်။

စနေနေ့တွင် ထောင်သောင်းချီသော ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများသည် လစ္စဘွန်းလမ်းများတလျှောက် လမ်းလျှောက်ချီတက်ကြပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေနှင့် လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ပညာရေးဝန်ထမ်း အသင်းအဖွဲ့ (The Union of All Education Professionals – STOP) မှ ဆန္ဒပြခေါင်းဆောင်းများက လူပေါင်း ၁၀၀,၀၀၀ ကျော်အထိ စုဝေးခဲ့ကြသည်ဟု ဆိုသော်လည်း ရဲတပ်ဖွဲ့ပြောကြားအချက်အရ ချီတက်ဆန္ဒပြရာတွင် လူပေါင်း ၂၀,၀၀၀ ကျော်စုဝေးခဲ့ကြကြောင်းဆိုသည်။

ဆန္ဒပြသူများထဲမှ တစ်ချို့မှာ ပညာရေးအခန်းကဏဏ္ဍ၏ အခြေအနေဆိုးရွားပုံကို ပြလိုသည့် သဘောဖြင့် အကျီအမဲရောင်ကို ဝတ်ဆင်ခဲ့ကြပြီး တခြားသူများမှာ ပညာရေးဝန်ကြီး ဂျိုဝါ့ ကိုစတာ ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ဆရာ၊ဆရာမများ ဆန္ဒပြကြသည့် အကြောင်းရင်း

“ကျွန်မတို့တစ်ဘဝလုံး ပညာရေးမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာတာဖြစ်လို့ သင့်တင့်လျောက်ပတ်တဲ့ လစာ‌ငွေလေးတော့ ထိုက်တန်ပါတယ်။ ကျွန်မတို့ အကျင့်မပျက် လာဘ်မစားဖူးဘူး၊ နိုင်ငံရေးသမားတွေက ဆင်းသက်လာတဲ့ မကောင်းတဲ့ နမူနာလိုမျိုး တခါမှ မခိုးဖူးဘူး။” လို့ သမိုင်းဆရာမ မာရီယာ ဒွါးတေး က ရိုင်တာ သတင်းဌာနကို ပြောဆိုခဲ့သည်။

ဆရာ၊ဆရာမ များအတွက် ပျမ်းမျှလစာမှာ အနိမ့်ဆုံး ယူရိုငွေ ၁,၁၀၀ ပေါင် မျှသာရှိပြီး အမြင့်ဆုံးမှာလည်း ယူရို ၂၀၀၀ ပေါင်အောက်တွင်သာရှိသည်။

“ကျွန်မတို့ တလေးတစား ဆက်ဆံခံရဖို့လိုပါတယ်၊ ကျွန်မတို့နဲ့ သင့်တော်တဲ့ အရာကို သူတို့ပေးကိုပေးရမယ်၊ မဆိုစလောက်ရတဲ့ လုပ်အားခကို သူတို့ ဖြတ်ခုတ်လို့ မရပါဘူး” ဟု ပုံမှန်မဟုတ်သည့် ကလေးများကို အထူးဂရုတစိုက် ပြသရသည့် ဆရာမတစ်ဦးဖြစ်သူ လူစိန်ဒါ လိုပက်စ် က ပြောသည်။

အသင်းအဖွဲ့များကို အခွင့်အာဏာပိုပေးပြီး အခကြေးငွေဖြင့် ငှားရမ်းခန့်ထားသည့် လုပ်ငန်းစဥ်များကို ဒေသအစိုးရသို့ လွှဲပြောင်းပေးလိုက်သည့် အပြောင်းအလဲကိုလည်း ဆရာ၊ဆရာမများက ဆန့်ကျင်နေကြသည်။

ပညာရေးဝန်ကြီးက ဆန္ဒပြမှုကို ရှုတ်ချ

ကျောင်းအများအပြားကို ပိတ်စေခဲ့သည့် ဒီဇင်ဘာလအစောပိုင်းကပင်စ၍ တဝက်တပျက် ဆန္ဒပြမှုများ တသီတတန်းဖြစ်ပွားပြီးနောက်တွင် စနေနေ့ ဆန္ဒပြပွဲက ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆန္ဒပြပွဲစီစဥ်သူများသည် တနင်္လာနေ့မှစ၍ ဆန္ဒပြပွဲများ များပြားလာအောင်စီစဥ်နေပြီး ၄င်းဆန္ဒပြပွဲတို့သည် ဖေဖော်ဝါရီ ၁၁ရက်တွင် တနိုင်ငံလုံးပါဝင်သည့် ဆန္ဒပြပွဲနှင့်အတူအဆုံးသတ်မည်ဖြစ်သည်။

ပညာရေးရပ်ဝန်းတွင် ကြိုးစားရုန်းကန်ရပ်တည်နေရသည့် ပညာရေးဝန်ကြီး ဂျိုဝါ့ ကိုစတာ က ၄င်းဆန္ဒပြသည့် လုပ်ရပ်သည် ညှိနှိုင်းနေဆဲစပ်ကြားကာလတွင် အလွန်ပင် မသင့်လျော်၊ အစွန်းရောက်သည့် လုပ်ရပ်ဖြစ်သည် ဟု ဖော်ပြခဲ့သည်။

ပညာရေးဝန်ကြီးသည် ဗုဒ္ဓဟူးနေ့တွင် နောက်ထပ်ဆွေးနွေးရန်အတွက် ပညာရေးသမဂ္ဂနှင့် တွေ့ဆုံရန်စီစဥ်ထားသည်။

သို့ရာတွင် တစ်ချို့ကျောင်းဆရာ၊ဆရာမများကို မဖြစ်မနေ လုပ်ငန်းခွင်ပြန်ဝင်ရန်အတွက် ပညာရေးဝန်ဆောင်မှုတချို့ကို စည်းကမ်းပြဌာန်းထားရန် ပညာရေးဝန်ကြီးမှ ခြိမ်းခြောက်သတိပေးထားသည်။

Portugal: Thousands of teachers strike, demanding better pay ကို ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ