သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုလဲမြို့က BNRA ဂိတ်စခန်းနှစ်ခု NUG လက်အောက်ခံတပ်များထံ စီးနင်းခံရ

AB News ဇန်နဝါရီ ၉၊ ၂၀၂၆
LOKI

စစ်‌ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဗမာအမျိုးသား‌တော်လှန်ရေးတပ်မတော် BNRA ၏ စစ်ဆေးရေးဂိတ်စခန်းနှစ်ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ တပ်ဖွဲ့ဝင်များက ယနေ့ ဇန်နဝါရီလ ၉ရက် နံနက်ပိုင်းအချိန်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်အချို့သိမ်းဆည်သွားခဲ့ကြောင်း သိရှိရသည်။

ပုလဲမြို့နယ်က ပုပ္ပါရွာနှင့် မရိုးတုံးရွာရှိ BNRA စစ်ဆေးရေးဂိတ်နှစ်ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံ ယင်းမာပင်ခရိုင် ကွပ်ကဲရေးအဖွဲ့များက ယနေ့တွင် ဝင်ရောက်စီးနင်းခဲခြင်းဖြစ်ပြီး၊ အဆိုပါဂိတ်များမှာ ပြီးခဲသည့်ရက်ပိုင်းအတွင်းက အသစ်ဖွင့်လှစ်ထားသော ဂိတ်စခန်းများဖြစ်ကြောင်း သိရှိရသည်။

BNRA ၏စစ်ဆေးရေးဂိတ်ဝင်ရောက်စီးနင်းခံရမှုတွင် ပုပ္ပါရွာဂိတ်မှ သေနတ် ၉ လက်နှင့် မရိုးတုံးရွာဂိတ်မှ M-80 စက်လက်နက် ၁ လက်တို့ကို့ NUG လက်အောက်ခံတပ်က သိမ်းဆည်းသွားကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်တို့တွင်တွေ့မြင်ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ခံ တပ်ဖွဲ့ဝင်များက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အား တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း BNRA က ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး၊ ယနေ့တွင် စတင်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။

ဗမာအမျိုးသားတော်လှန်ရေးတပ် BNRA ခေါင်းဆောင် ဗိုလ်နဂါးကလည်း NUG က BNRA ကို စတိုက်ခိုက်နေပြီဖြစ်ကြောင်း ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ထုတ်ဖော်ပြောဆိုထားကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ