Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပီရူးသမ္မတဟောင်း အမေရိကန်တွင် ဖမ်းဆီးခံရ

ပီရူးသမ္မတဟောင်း အမေရိကန်တွင် ဖမ်းဆီးခံရ

ABN-ရှိုင်းမိုး

အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ပီရူးနိုင်ငံမှ လိုအလိုရှိနေသည့် ပီရူးသမ္မတဟောင်း တိုလီဒိုကို ဧပြီ ၂၁ ရက်နေက အမေရိကန်အာဏာပိုင်များထံ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

၂၀၀၁ မှ ၂၀၀၆ အထိ ပီရူးသမ္မတ တိုလီဒိုသည် ဘရာဇီး ဆောက်လုပ်ရေး ကုမ္ပဏီ အိုဒီဘရက်ချ်ထံမှ ဒေါ်လာ ၂၅ သန်းကျော် ရယူကာ၊ အများပြည်သူဆိုင်ရာ ကန်ထရိုက်လုပ်ငန်းများအတွက်လာဘ်ပေး လာဘ်ယူ လုပ်ဆောင်ခဲ့မှု စွပ်စွဲချက်များဖြင့် ပီရူးနိုင်ငံက လိုအပ်နေခြင်းဖြစ်သည်။

ပီရူးအစိုးရက တိုလီဒိုအား ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ရန်ကြိုးစားလျက်ရှိပြီး တိုလီဒိုက လာဘ်ငွေတောင်းခံခြင်း (သို့မဟုတ် ) ရယူခြင်းမရှိကြောင်းငြင်းဆိုထားသည်။

သမ္မတဟောင်းကို လွှဲပြောင်းပေးဖို့ ပီရူးက အမေရိကန်ကို တရားဝင်တောင်းဆိုခဲ့သည့်အတွက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လထဲတွင် အမေရိကန်က တိုလီဒိုကို ကနဦးဖမ်းဆီးခဲ့ပြီး၂၀၂၀ခုနှစ်မှာ သူ့ကို အာမခံနှင့် ပြန်လွှတ်ပေးထားခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ