Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါဝါရိန်းဂျားသရုပ်ဆောင် သေဆုံး

ကလေးများအကြိုက် ပါဝါရိန်းဂျားဇာလမ်းတွဲများတွင် သရုပ်ဆောင်သည့် မင်းသား ဂျက်ခ်ဆင်ဒေးဗစ်ဒ် ဖရင့်ခ် သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့က အိုင်ယာလန်နိုင်ငံ Green Ireland တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖရင့်ခ်သည် ၁၉၉၃ ခုနှစ်မှ စကာ ပါဝါရိန်းဂျား ဇာတ်လမ်းတွဲများတွင် စတင်သရုပ်ဆောင်ခဲ့ပြီး မိုက်တီမိုရ်ဖန် ပါဝါရိန်းဂျားအကျော်အမော် တစ်ဦးလည်းဖြစ်သည်။

ပါဝါရိန်းဂျားဇာတ်လမ်းတွဲများတွင် Green Ranger၊ White Ranger၊ Red Zero Ranger၊ Red Turbo Ranger နှင့် Black Rangerအဖြစ်သရုပ်ဆောင်ခဲ့သည်။

သူပါဝင်သရုပ်ဆောင်ထားသည့် ဇာတ်လမ်းတွဲအများစုမှာ ကလေးများသာမက လူကြီးလူငယ်များပါ ကြိုက်နှစ်သက် အားပေးကြည့်ရှုခဲ့ကြသည်။

သူ၏သေဆုံးမှုအကြောင်းအရင်းကို သတင်းဌာနအများစုက suiside ဟု ဖော်ပြကြသော်လည်း အတိအလင်း ထုတ်ပြန်ကြေညာကြခြင်း မရှိသေးပေ။

၎င်းသေဆုံးချိန်တွင် အသက် ၄၉ နှစ်ရှိပြီဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ