Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကန်စ္စတန်တွင် ရဲစခန်းအတွင်းရှိ ခဲယမ်းများသိုလှောင်ရုံပေါက်ကွဲမှုဖြစ်၊ ရဲအပါအဝင် ၁၇ ဦးသေ၊ ၅၀ ကျော်ဒဏ်ရာရ

ပါကန်စ္စတန်တွင် ရဲစခန်းအတွင်းရှိ ခဲယမ်းများသိုလှောင်ရုံပေါက်ကွဲမှုဖြစ်၊ ရဲအပါအဝင် ၁၇ ဦးသေ၊ ၅၀ ကျော်ဒဏ်ရာရ

ABN-မေအိအိအောင်

ပါကန်စ္စတန်နိုင်ငံတွင် ရဲစခန်းအတွင်း၌ရှိသော လက်နက်ခဲယမ်းများသိုလှောင်သည့်ရုံ ပေါက်ကွဲမှုဖြစ်ပြီး ရဲအပါအဝင် လူ ၁၇ ဦးသေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ယမန်နေ့ ဧပြီ ၂၅ ရက်နေ့တွင် Swat တောင်ကြား ရဲတပ်ဖွဲ့အကြီးအကဲကပြောသည်။

ပေါက်ကွဲမှုအတွင်း ရဲသား ၉ ဦး၊ ရဲစခန်းတွင် ထိန်းသိမ်းထားသူ ၅ ဦးနှင့် အရပ်သား ၃ဦး စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆောက်အုံများလည်းပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Shafiullah Gandapar ကအတည်ပြုပြောကြားသည်။

အခင်းဖြစ်သည့်နေရာသို့ ကျွမ်းကျင်သူများလာရောက်စစ်ဆေးခဲ့ပြီး စစ်သွေးကြွတို့လုပ်ကြံကြောင်း သက်သေအထောက်အထားများအစအနပင်မရှိသဖြင့် ဝါယာရှော့ဖြစ်ရာမှ တစ်ဆင့်ပါက်ကွဲမှုဖြစ်ကြောင်း တစ်ခြားရဲအရာရှိတစ်ဦးကပြောသည်။

ပါကန်စ္စတန်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်း အစ္စလာမ်မစ် စစ်သွေးကြွများ တိုက်ခိုက်မှု မြင့်တက်နေကြောင်းနှင့် နိုင်ငံတစ်ဝန်းတွင်ရှိသည့် ၎င်းတို့အား တိုက်ခိုက်ချေမှုန်းမည့် စစ်ဆင်ရေးအသစ်ကို ပြင်ဆင်နေကြောင်း ပါကန်စ္စတန်နိုင်ငံ အစိုးရက ကြေညာထားသည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း