Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန် သမ္မတဟောင်း Pervez Musharraf ဒူဘိုင်းတွင် ကွယ်လွန်

ABN – နွယ်စိုး၊ သူရမောင်

ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး Pervez Musharrafသည် ဒူဘိုင်း-အမေရိကန် ဆေးရုံတွင် နာတာရှည် နာမကျန်းဖြစ်ပြီးနောက်ပိုင်း ဒူဘိုင်းတွင် ကွယ်လွန်သွားကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သူသေဆုံးခဲ့ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။

CNNသို့ ပေးပို့သည့် ကြေညာချက်တွင် စစ်ဘက်ဆိုင်ရာ အကြီးတန်း အရာရှိများက ဗိုလ်ချုပ်ကြီး Pervez Mushnarraf ကွယ်လွန်ခြင်းသွားခဲ့ရခြင်းနှင့် ပတ်သက်ပြီး နှစ်နှစ်ကာကာ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြခဲ့သည်။

“အာလာလ်အရှင်မြတ်က သူ့ရဲ့ဝိဉာဏ်ကို ကောင်းချီးပေးမှာပါ၊ ပြီးတော့ သူ့မိသားစုကိုလည်း ခွန်အားတွေ ပေးသနားတော်မူပါလိမ့်မယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားခဲ့သည်။

ပါကစ္စတန်နိုင်ငံရေးသမားများကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အတွက် သမ္မတဟောင်းအား ချီးကျူးဂုဏ်ပြုခြင်းနှင့် ဟောပြောခြင်းများကို ပြုလုပ်ခဲ့ကြသည်။

ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharifက သမ္မတဟောင်း ကွယ်လွန်သွားခဲ့ရသည့်အတွက် အထူးပင်ဝမ်းနည်းကြောင်း၊ ကိုယ်ချင်းလည်းစာနာမိကြောင်း တနင်္ဂနွေနေ့က မိသားစုများထံ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ပါကစ္စတန်လွှတ်တော် ဥက္ကဌ Muhammad Sadiq Sanjraniကလည်း အလွန်အမင်းဝမ်းနည်းပူဆွေးမှုကို ဖော်ပြခဲ့သည်။

“ကျွန်ုပ်တို့၏ ဆုတောင်းနှင့် ဝမ်းနည်းခြင်းသည် သူ့မိသားစုထံ ရောက်ရှိသွားပြီး သူတို့၏ ပူဆွေးသောကကိုလည်း ကျွန်ုပ်တို့ မျှဝေခံစားရပါသည်” ဟု ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ်ကတည်းက မိမိကိုယ်တိုင် တိုင်းပြည်မှ ထွက်ခွာသွားခဲ့သည့် ခေါင်းဆောင်ဟောင်းသည် UAEအဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည့် ဒူဘိုင်းတွင် နေထိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတစ်ခုတွင် Shehbaz Sharif၏ အကြီးဆုံးအစ်ကိုဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း Nawaz Sharifမှ အာဏာလုယူပြီးနောက် စစ်တပ်ခေါင်းဆောင် တာဝန်ကို ထမ်း‌ဆောင်နေစဉ်အတွင်းပင် ၂၀၀၁ ကိုယ့်ကိုယ်ကို ဝန်ကြီးချုပ်ခန့်အပ်ခဲ့သည်။ ၎င်းမှာ ၂၀၀၈ ခုနှစ်အထိ ပါကစ္စတန်ကို ဦးဆောင်ခဲ့သည်။

9/11တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး Musharrafမှာ အမေရိကန်နှင့် အဓိက မဟာမိတ်ဖြစ်လာခဲ့သည်။ ထို့အပြင် အစ္စလာမ်အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာတွင်လည်း ထူးချွန်ပြောင်မြောက်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်လည်း ကြိုးပမ်းခဲ့သည်။

သို့သော် သူအာဏာရှိနေစဉ်မှာပင် အငြင်းပွားဖွယ်ရာ ကိစ္စဖြစ်ပေါ်လာခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုတို့ကို ကြူးလွန်သည်ဟု စွပ်စွဲခံခဲ့ရသည်။

၂၀၀၃ ခုနှစ်တွင် အာဏာလုမှုနှစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံအရေးပေါ်အခြေအနေတစ်ရပ်ကို ကြေညာခြင်း၊ ပါကစ္စတန်အဖွဲ့အစည်းကို ရပ်ဆိုင်းခြင်း၊ တရားသူကြီးချုပ်ကို အစားထိုးခြင်းနှင့် ရုပ်သံထုတ်လွင့်မှုများကိုလည်း ရပ်ဆိုင်းခဲ့သည်။

Musharrafက သူ့အနေဖြင့် ထိုသို့လုပ်ဆောင်ရခြင်းမှာ တိုင်းပြည်တည်ငြိမ်အောင်နှင့် အစွမ်းရောက် အစ္စလာမ်များ တိုးများလာမှုကို တိုက်ဖျက်ရန်အတွက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်ဝေဖန်ရေးသမားများနှင့် ဒီမိုကရေစီအရေး ရှေ့နေများအကြား ပွတ်လောရိုက်သွားခဲ့ရသည်။ ပါကစ္စတန်သားများအနေဖြင့်လည်း သူ့လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ပြောကြားခဲ့ကြသည်။

အနောက်နိုင်ငံများ၏ ဖိအားကြောင့် Musharrafမှာ သူ့ပါတီအတွင်း မသင့်မတင့်မှုများရှိနေသည့် ၂၀၀၈ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပြီး အရေးပေါ် အခြေအနေတစ်ရပ်ကို လုပ်ဆောင်ခဲ့သည်။

သူ့နေရာတွင် အစားထိုးမည့် ယာယီအစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ရာထူးမှနှုတ်ထွက်ခဲ့သည်။

Musharrafမှာ တိုင်းပြည်မှ ထွက်ခွာသွားခဲ့ပြီးနောက် နိုင်ငံ့ရွေးကောက်ပွဲကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပြည်ဝင်ခဲ့သည်။ သို့သော် သူ့အာဏာပြန်ရရေးအတွက် တရားရုံးတွင် ပြန်လည်ဝင်ရောက်လာသည့်အခါတွင် အစီအစဉ်အားလုံး ပျက်ပြားသွားခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှခံခဲ့ရပြီး နှောင်းပိုင်းတွင် အမှုအား ပြန်လည်ရုတ်သိမ်းပေးခဲ့သည်။

ဆေးဝါးကုသမှုရရန် တိုင်းပြည်မှ ထွက်ခွာခိုင်းခဲ့ပြီး ပါကစ္စတန်တရားရုံးမှ ခရီးသွားဗန်တစ်စီးကို ပေးအပ်လိုက်ပြီးနောက် ၂၀၁၆ ခုနှစ်ကတည်းကMusharrafမှာ ဒူဘိုင်းတွင် အခြေချနေထိုင်ခဲ့သည်။

Musharrafမှာ Sehba Musharrafအားလက်ထပ်ခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။

ပါကစ္စတန် သမ္မတဟောင်း Pervez Musharraf ဒူဘိုင်းတွင် ကွယ်လွန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း