သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန် နှင့် အိန္ဒိယတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူ ၅၀၀ ကျော် သေဆုံး

AB News သြဂုတ် ၁၈၊ ၂၀၂၅

နွယ်စိုး

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ်အာဏာပိုင်အဖွဲ့ (NDMA) က နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၂၆ ရက်နေ့မှစ၍ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၄၇၇ ဦး၊ ဒဏ်ရာရရှိသူ ၇၆၃ ဦး နှင့် နေအိမ် ၁,၈၅၁ လုံး ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

အထူးသဖြင့် တောင်ထူထပ်သော အနောက်မြောက်ပိုင်းရှိ ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် အဆောက်အအုံများ ပြိုကျခြင်းတို့ကြောင့် သေဆုံးသူ ၂၁၁ ဦး ရှိခဲ့သည်။

ထို့အပြင် ဘူးနာ ခရိုင်တွင်လည်း ရေကြီးမှုနှင့် မိုးကြောင့် လူ ၁၀၀ သေဆုံးခဲ့ကြောင်း ခရိုင်ဝန်ကြီးချုပ် ရှာဟဘ်အလီရှားက က ပြောကြားသည်။

အိန္ဒိယနိုင်ငံ၊ ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် သြဂုတ်လ ၁၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးကာ ရွှံ့မြေများပြိုကျမှုကြောင့် လူ ၆၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသအကြီးအကဲ အိုမာ အဗ်ဒူလာက သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ပါကစ္စတန် နှင့် အိန္ဒိယတို့၏ ခရိုင်အချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံး၊ ထိခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ