Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan နိုင်ငံတော်ပိုင်လက်ဆောင်ပစ္စည်းရောင်းစားမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရ

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Imran Khan နိုင်ငံတော်ပိုင်လက်ဆောင်ပစ္စည်းရောင်းစားမှုဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံရ

ABN-နွယ်စိုး

သြဂုတ်-၅ရက်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း lmran khan အား နိုင်ငံတော်ပိုင် လက်ဆောင်ပစ္စည်းများကို တရားမဝင် ရောင်းစားသည်ဆိုသည့် အမှုဖြင့် ပြည်ထောင်စု တရားရုံးမှ ထောင်ဒဏ် ၃ နှစ် ယနေ့ ချမှတ်လိုက်ပြီးနောက် ၄င်းကို ရဲက ဖမ်းဆီးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း အနေဖြင့် အဖမ်းမခံရခင် ၄င်းအပေါ်ထောက်ခံသူများကို Video မိန့်ခွန်းပြောကြားခဲ့ပြီး ကိုယ့်အခွင့်အရေးကို ဆက်လက်တောင်းဆိုကြရန် တိုက်တွန်းခဲ့သည်။

ကိုယ့်စိတ်ကြိုက်အစိုးရကို မဲပေးရွေးချယ်ခွင့်သည် လူတိုင်းမှာရှိသည့် အခြေခံ အခွင့်အရေးကြီးဖြစ်သည့်အတွက် ထိုအခွင့်အရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆက်လက် ဆန္ဒပြတောင်းဆိုရမည်ဟု Imran Khan က ဗီဒီယိုမိန့်ခွန်းဖြင့် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“မတရားအုပ်ချုပ်နေမှုကို အိမ်မှာနေပြီး ငြိမ်ခံမနေကြပါနှင့်” ဟု Lahore မြို့က ၄င်း၏ နေအိမ်၌

အဖမ်းမခံရခင် မိန့်ခွန်းပြောကြားခဲ့သည်။

Imran Khan ကို ဖမ်းဆီးပြီး အမှုစီရင် ပြစ်ဒဏ်ချခဲ့သည့် Islamabad မြို့တော် အကျဉ်းထောင်တွင် အကျဉ်းချထားမည်ဖြစ်ကြောင်း အစိုးရနှင့် ၄င်း၏ ရှေ့နေများက ပြောကြားခဲ့သည်။

အယူခံတရားရုံးအနေဖြင့် ထိုအမိန့်ကို ပြန်ပြင် ဆုံးဖြတ်ပေးခြင်းမရှိလျှင် Imran Khan သည်နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ကန့်သတ်ခံရမည်ဖြစ်သည်။

ထို့အပြင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲ၌ ဝင်ရောက် ရွေးချယ်ခံခွင့်ရှိမည်မဟုတ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကျွမ်းကျင်သူများက ထောက်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
အိန္ဒိယ-ပါကစ္စတန်နယ်စပ်ကြားထဲ အားပြင်းသည့် ဆိုင်ကလုန်းမုန်တိုင်းကြီး Biparjoy တစ်လုံး ဇွန်လ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် ဝင်ရောက်နိုင်ဖွယ်ရှိနေသည့်အတွက်ကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ ရွှေ့ပြောင်း