Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ၂၅ ယောက်ထက်မနည်း သေဆုံး ၁၄၀ ဒဏ်ရာရ

ABN-နွယ်စိုး

ဇွန် ၁၂ ရက်

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇွန်လ ၁၀ ရက်နေ့က မိုးသန်းထန်စွာ ရွာသွန်း၍ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့ခြင်းကြောင့် လူ ၂၅ ဦးထက်မနည်းသေဆုံးသွားခဲ့ကာ လူ၁၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသွားသူများထဲမှ လူ ၁၂ ယောက်သည် ၄င်းတို့ နေသည့် အိမ်နံရံများနှင့် အမိုးများပြိုကျနေ သည့် အောက်တွင် ပိပြီး သေဆုံးခဲ့ကြောင်း Khyber Pakhtunkhwa ပြည်နယ်ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန ပြောခွင့်ရက AFP သတင်းဌာနကို ပြောသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် Khyber Pakthunkhwa ပြည်နယ်က ခရိုင် ၄ ခုကို စနေနေ့ နှောင်းပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့ပြီး၊ Bannu ခရိုင်၌ အသက် ၂ နှစ်ကနေ ၁၁ နှစ်ကြား မောင်နှမ ၅ ယောက်အပါအဝင် ၁၅ ယောက် သေဆုံးခဲ့သည်။

ထို့အပြင် ထိုဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၄၀ ကျော်ဒဏ်ရာများရရှိခဲ့၍ ကျွဲ နွား တိရစ္ဆာန်အကောင်ရေ ၂၀၀ ကျော် သေဆုံးခဲ့ကာ အာဏာပိုင်များက ထိုခရိုင် ၄ ခုစလုံးမှာ အရေးပေါ် အခြေအနေကြေညာထားခဲ့သည်။

ပြီးခဲ့သည်နှစ်ကလည်း ပါကစ္စတန်နိုင်ငံတွင် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှု အခြေအနေနှင့်ကြုံရပြီး နိုင်ငံဧရိယာ၏ ၃ ပုံ ၁ ပုံ ရေကြီးသည့်အတွက် အိမ်ခြေ ၂ သန်းကျော် ထိခိုက်ပြီး လူ ၁၇၀၀ ကျော် သေဆုံးခဲ့သည်။

ထို့အပြင် ပါကစ္စတန် နိုင်ငံတောင်ပိုင်းတွင် အာရေဗျ ပင်လယ်ထဲ၌ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်း မုန်တိုင်းသည် ပါကစ္စတန် နှင့်အိန္ဒိယနိုင်ငံများကို ဦးတည် ချဉ်းကပ်လာနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆင်းပြည်နယ်တွင် ယခုတပတ်အတွင်း မိုးအကြီးအကျယ်ရွာသွန်းပြီး လေတိုက်နှုန်းသည် တနာရီကို မိုင် ၇၀ လောက်အထိ ရှိလာနိုင်သည်ဟု အာဏာပိုင်များက ကြေညာချက်ထဲတွင် ပြောကြားထားပြီး ငါးဖမ်းသူများအနေနှင့် ဇွန်လ ၁၇ ရက်နေ့ မုန်တိုင်းလွန်ပြီး ပင်လယ်ပြင်ကို ထွက်ကြရန် သတိပေးပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ