Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်တွင် မိုးကြီး ရေကြီးမှုကြောင့် ကလေး ၈ ယောက်အပါအဝင် သေဆုံးသူ စုစုပေါင်း ၅၅ ယောက်ထိရှိလာ

ပါကစ္စတန်တွင် မိုးကြီး ရေကြီးမှုကြောင့် ကလေး ၈ ယောက်အပါအဝင် သေဆုံးသူ စုစုပေါင်း ၅၅ ယောက်ထိရှိလာ

ABN-ရှိုင်းမိုး

ဇူလိုင် ၇ရက်

ပါကစ္စတန်နိုင်ငံတွင် မုတ်သုံရာသီ မိုးပြင်းပြင်းထန်ထန်ရွာသွန်းခြင်းနှင့် ရေကြီးမှုကြောင့် ဇူလိုင်လ ၆ရက်နေ့ထိ ကလေး ၈ယောက်အပါဝင် သေဆုံးသူ ၅၅ ယောက်ထိရှိလာသည်ဟု အာဏာပိုင်များက ပြောကြားသည်။

မိုးကြီး ရေကြီးမှုကြောင့် တရက်တည်းတွင် လူ၁၂ယောက်သေ ဆုံးခဲ့ပြီး ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ် ချန်ဂလာခရိုင်တွင် မြေပြိုမှုဖြစ်ပွားခဲ့၍ ကလေး ၈ ယောက်သေဆုံးခဲ့ကြောင်း မြို့တော်ဒုတိယကော်မရှင်နာ ဟာဆန် အဗေ့ဒ်က အတည်ပြု ပြောကြားသည်။

ထို့အပြင် ဇူလိုင်လ ၅ ရက်နေ့က လာဟိုးမြို့တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် လမ်းအများအပြား ရေနစ်မြုပ်ကာ ခေါင်မိုးများပြိုကျပြီး လူ ၁၉ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။

ပါကစ္စတန် မိုးလေဝသ အေဂျင်စီက လာဟိုးမြို့တွင် မိုးရွာသွန်းမှု ပိုများလာနိုင်ကြောင်းနှင့် ပန်ဂျပ်ပြည်နယ်ရှိ အဓိကမြစ်များ ရေကြီးမှုဖြစ်ပွားကာ ရုတ်တရက် ရေကြီးနိုင်သဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာသတိပေးချက်များ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ပါကစ္စတန်တွင် မိုးကြီး ရေကြီးမှုအကြီးအကျယ်ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၁,၇၃၉ ယောက်သေဆုံးခဲ့ပြီး၊ အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ