Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပါကစ္စတန်တွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်၊ မီးလောင်မှုဖြစ်ပြီး ခရီးသည် ၄၀ သေဆုံး

ABN-မေအိအိအောင်

ပါကစ္စတန်နိုင်ငံတွင် ဘတ်စ်ကား တစ်စီးတိမ်းမှောက်မှုဖြစ်ပြီး ကားတွင်ပါလာသည့် ခရီးသည် ၄၀ သေဆုံးသွားကြောင်း Sky Newsတွင် ဖော်ပြထားသည်။

ယမန်နေ့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင် ပါကစ္စတန် လက်စ်ဘယ်လာ တောင်ထူထပ်သည့် ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားထဲတွင် ခရီးသည် ၄၄ ဦးပါကြောင်း လက်စဘယ်လာမြို့၏ အာဏာပိုင်များကပြောသည်။

အဆိုပါ ဘတ်စ်ကားသည် ကွတ်ကာမြို့မှ မြို့တော် ကရာချိမြို့သို့သွားရာ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တံတားတိုင်တစ်ခုကို ၀င်တိုက်ပြီး မြောင်းထဲထိုးကျကာ ကားတစ်စီးလုံးမီးလောင်သွားခြင်းဖြစ်သည်။

မတော်တဆဖြစ်ရာမှ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအ၀င် ခရီးသည် ၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လက်စ်ဘယ်လာ အရာရှိ Hamza Anjum Nadeem ကပြောသည်။

ယင်းအပြင် မတော်တဆမှုတွင်သေဆုံးသွားသူများမှာ မည်သူမည်၀ါ အတိကျမပြောနိုင်သေးသဖြင့် DNA စစ်ဆေးမှု ပြုလုပ်ရဖွယ်ရှိကြောင်း ၎င်းအရာရှိက ထပ်ပြောသည်။

ပါကစ္စတန်တွင် ဘတ်စ်ကားတစ်စီးတိမ်းမှောက်၊ မီးလောင်မှုဖြစ်ပြီး ခရီးသည် ၄၀ သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ