Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလပ်စတစ် စွန့်ပစ်ပစ္စည်း အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာ ဘုံသဘောတူညီချက် မူကြမ်းရေးဆွဲနိုင်တော့မည်

ပလပ်စတစ် စွန့်ပစ်ပစ္စည်း အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတကာ ဘုံသဘောတူညီချက် မူကြမ်းရေးဆွဲနိုင်တော့မည်

ABN-ရာဟု

ဇွန် ၄ရက်

သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးတို့အတွက် ပလပ်စတစ် စွန့်ပစ်ပစ္စည်းများ အဆုံးသတ်နိုင်ရေးတို့အတွက် နိုင်ငံတကာ ဘုံသဘောတူညီချက် မူကြမ်းရေးဆွဲနိုင်တော့မည်ဟု သိရသည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အဆုံးသတ်နိုင်ရေးတို့အတွက် Green သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများပါဝင်ကာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ၅ရက်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ပြီးနောက် နိုင်ငံတကာဘုံသဘောတူညီချက် မူကြမ်းတရပ်ကို ရေးဆွဲနိုင်ဖို့ ဆုံးဖြတ်နိုင်ခဲ့သည်ဟု သိရသည်။

နိုဝင်ဘာလတွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် နိုင်ငံပေါင်း ၁၇၅ နိုင်ငံက ကိုယ်စားလှယ်များ တက်ရောက်မည့် နိုင်ငံတကာညီလာခံ မတိုင်မီ သဘောတူညီချက်မူကြမ်းကို အပြီးရေးဆွဲသွားမည်ဖြစ်သည်။

“ ဒီကိစ္စဖြစ်မြောက်အောင်မြင်ရပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပယ်လယ်သမုဒ္ဒရာတွေ အပါအဝင်၊ နေရာအနှံ့မှာ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ရတာကို အားလုံးက မလိုချင်တဲ့အတွက်ကြောင့်” ဟု နိုင်ငံတကာ ပလပ်စတစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအဆုံးသတ်ရေး အစိုးရများအကြား ဆွေးနွေးညှိနိုင်းရေး အကြီးအကဲ Jyoti Mathur Filipp က ပြောဆိုခဲ့သည်။

WWF ကမ္ဘာ့သဘာဝတောရိုင်းရန်ပုံငွေအဖွဲ့ကအထူးကိုယ်စားလှယ် Marco Lambertini က ဆွေးနွေးပွဲအပြီးတွင် ပလပ်စတစ် စွန့်ပစ်ပစ္စည်များ အဆုံးသတ်နိုင်ရေးတို့အတွက် နိုင်ငံတကာသဘောတူညီချက်အတွက် ခြေတလှမ်းပိုမိုနီးကပ်သွားစေခဲ့သည်ဟု ပြောဆိုခဲ့သည်။

ဇီဝလောင်စာနဲ့ ပလပ်စတစ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းရှင်များဘက်မှ ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် ပါဝင်သည့်အတွက် အချိန်ဆွဲ နည်းများကို အသုံးချနေသောကြောင့် လုပ်ထုံးလုပ်နည်းများ အနှောက်အယှက်ဖြစ်ကာ အခက်အခဲ ဖြစ်စေသည်ဟု သဘာဝပတ်ဝန်းကျင် အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်ပြောဆိုထားသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ပြင်သစ်နိုင်ငံတွင် ဆယ်ကျော်သက်လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်သတ်မှုဖြစ်ပွားပြီးနောက် ဆူပူအုံကြွမှုများ ဆက်တိုက်ဖြစ်ကာ သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းထားရန် ပြင်သစ်အစိုးရ ပြောကြား