Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နျူးကလီးယားစက်ရုံအတွက် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံက ရုရှားကို တရုတ်ယွမ်ပေးရန်သဘောတူ

နျူးကလီးယားစက်ရုံအတွက် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံက ရုရှားကို တရုတ်ယွမ်ပေးရန်သဘောတူ

ABN-နွယ်စိုး

မော်စကိုက တောင်အာရှနိုင်ငံ၌ တည်ဆောက်နေသည့် နျူးကလီးယားစက်ရုံအတွက် အသုံးပြုရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငွေပေးချေရာမှာ တရုတ်ယွမ်ငွေ အသုံးပြုဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိ တစ်ဦးမှ ဧပြီ ၂၄ရက် တနင်္လာနေ့က ပြောကြားခဲ့သည်။

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသည် ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်သုံး ကုမ္ပဏီ Rosatom နှင့် ပူးပေါင်းကာ နျူးကလီးယား ဓာတ်အားပေးစက်ရုံ ၂ ရုံကို ဒေါ်လာ ၁၂ ဒသမ .၆၅ ဘီလီယံ စီမံကိန်းဖြင့် တည်ဆောက်နေပြီး ၉၀ ရာခိုင်နှုန်းမှာ ရုရှားဖက်မှချေးငွေဖြစ်ပြီး ၂၈နှစ်အတွင်း ပြန်ဆပ်နိုင်ကာ ဘဏ္ဍာရေးနှစ် ၁၀ နှစ် ပေးဆောင်ထားသည်။

‘’ရုရှား ကျွန်တော်တို့ကို ရူပီးနဲ့ပေးစေချင်ပေမယ့် အဲဒါက မဖြစ်နိုင်ပါဘူး။ ဒါကြောင့် တရုတ်ယွမ်ငွေနဲ့ပေးချေဖို့ သဘောတူထားပါတယ်’’ ဟု ဘင်္ဂလားဒေ့ရှ် စီးပွားရေး ဆက်ဆံရေးဌာနခွဲမှ အကြီးတန်းအရာရှိ Uttam Kumar Karmaker က Reuters သို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လောင်စာဆီ တင်သွားနိုင်မှုမှာ ၄င်း၏ငွေကြေးနှင့် နိုင်ငံခြားအရံ ငွေကြေးများ တဟုန်ထိုး ကျဆင်းလာပြီးနောက် ယခုနှစ်တွင် ပိုမိုဆိုးရွားလာမည်ဟု လေ့လာသူများက ခန့်မှန်းထားကြပြီး မကြာခဏ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကို တားဆီးရန် အဆိုပါ စီမံကိန်းက ကူညီဆောက်ရွက်ပေးမည် ဖြစ်ကြောင်းလည်း ခန့်မှန်းထားကြသည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ