Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နီပေါနိုင်ငံတွင် လေယာဥ်ပျက်ကျသောကြောင့် လူပေါင်း ၆၈ ဦးသေဆုံး

ABN- ရှိုင်းမိုး

နီပေါနိုင်ငံ ခတ္တမန္ဒူမှ ခရီးသည် ၇၂ ဦးကို တင်ဆောင်လာသော လေယာဥ် ၁ စင်းသည် ယနေ့ နံနက်ပိုင်းက ပေါက္ခရ (Pokhara) ၌ ပျက်ကျပြီးနောက် အနည်းဆုံး လူ ၆၈ ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က AFP သတင်း ဌာနကို ပြောကြားခဲ့သည်။

နီပေါနိုင်ငံ အနောက်ပိုင်း မြို့တော်ရှိ လေဆိပ်‌ဟောင်းနှင့် လေဆိပ်သစ်ကြားတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေယာဥ်ပေါ်တွင် ခရီးသည် ၆၈ ဦးနှင့် လေယာဥ်အမှုထမ်း ၄ ဦး ပါကြောင်းသိရသည်။

ထိုလေယာဥ်ပေါ်တွင် နိုင်ငံခြားသား ၁၅ဦး၊ ကလေးငယ် ၆ဦး၊ နီပေါနိုင်ငံသား ၅၃ဦး၊ အိန္ဒိယ ၅ဦး၊ ရုရှား ၄ဦး၊ ကိုးရီးယား ၂ဦး၊ အာဂျင်တီးနား ၁ဦး၊ အိုင်ယာလန်၊ သြစတြေးလျနှင့် ပြင်သစ်တို့မှ ၁ဦးတို့လိုက်ပါလာခဲ့ကြကြောင်း လေကြောင်းလိုင်းများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အလောင်း ၃၁ လောင်းကို ဆေးရုံသို့ ပိုထားပါတယ်” ဟု ရဲအရာရှိ AK Chhetri က AFP သို့ ပြောကြားခဲ့ပြီး လေယာဥ်ပျက်ကျရာ တောင်ကြားတွင် နောက်ထပ် ၃၆ လောင်းကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ( CAAN) ၏ ပြောကြားချက်အရ အဆိုပါလေယာဥ်သည် ခတ္တမန္ဒူမြို့ ထရီဘူဗန် နိုင်ငံတကာ လေဆိပ်မှ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် ထွက်ခွာသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ