
AB News – ဧပြီ ၂၉၊ ၂၀၂၅
နမ္မတူမြို့နယ်၊ တပ်မဟာ (၄) နယ်မြေ၊ နားမတ်ကျေးရွာတွင် ငါးကန်ထဲရေဆင်းကူးစဥ် ကျောင်းသား ၁ ဦးသေဆုံးသွားခဲ့ ကြောင်း TNLA က ထုတ်ပြန်သည်။
နားမတ်ကျေးရွာနှင့် မိုင်းဟုန်းကျေးရွာကြားရှိ ငါးကန်တစ်ခု၌ ဧပြီလ ၂၆ ရက်နေ့တွင် သူငယ်ချင်း ၄ ဦး ရေဆင်းကူးခဲ့ရာ အသက် ၁၅ နှစ်အရွယ် မောင်ကွမ်းချှန်ဆိုသူ ကျောင်းသား ၁ ဦး ရေနစ်သေဆုံးသွားခဲ့ TNLA ကဆိုသည်။
သေဆုံးသူ မောင်ကွမ်းချှန်၏ ရုပ်အလောင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တအာင်းပြည်နယ် နမ္မတူမြို့နယ် ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က သွားရောက်ရှာဖွေပြီး တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင်လည်း နမ္မတူချောင်း၌ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ဦး ရေဆင်းကူးစဉ် ရေနစ် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။