Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
နယ်စပ်သဘောတူညီချက်များကို တရုတ်က ချိုးဖောက်ခဲ့သည်ဟု အိန္ဒိယစွပ်စွဲ

နယ်စပ်သဘောတူညီချက်များကို တရုတ်က ချိုးဖောက်ခဲ့သည်ဟု အိန္ဒိယစွပ်စွဲ

ABN-ရာဟု

အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်သဘောတူညီချက်များကို တရုတ်ဖက်က ချိုးဖေါက်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က ဧပြီ ၂၇ ရက် ကြာသပတေးနေ့က စွပ်စွဲပြောဆိုလိုက်သည် ဟု သိရသည်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေသည့် တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu နှင့် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singhတို့ နှစ်နိုင်ငံ နယ်စပ်အရေးနှင့် ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းမှ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်မှုရှိမှာ ဖြစ်သည့်အတွက် နယ်စပ်ပြဿနာများကို လက်ရှိရထားသည့် သဘောတူညီချက်များနှင့် ကတိကဝတ်များ အပေါ် တွင်သာ ဖြေရှင်းရန် လိုအပ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က တရုတ်ကာကွယ်ရေးဝန်ကြီး Li Shangfu ကို ပြောကြားခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ​ထားသည်။

နှစ်နိုင်ငံ အငြင်းပွါးနေသည့် အရှေ့ပိုင်း လာဒတ်(Ladakh) ဒေသမှာ တပ်သား အများအပြား ချထားသည့် တရုတ်ဖက်က သဘောတူညီချက်များကို ချိုးဖေါက်ရန် ကြိုးစားခြင်းသည် ၂ နိုင်ငံကြားထားရှိသည့် အခြေခံဆက်ဆံရေး အားလုံးကို ချေဖျက်လိုသည့်သဘောဖြစ်ကြောင်း ဝန်ကြီး Rajnath Singh က ပြောဆိုခဲ့သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တရုတ်ဖက်မှ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုချက်မျိုး မရှိသေးသည်ကိုတွေ့ရသည်။

နယ်စပ်ပဋိပက္ခကြောင့် လွန်ခဲ့သည့် ၃နှစ်က အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံလုံးက နယ်စပ်ဒေသတွင် နှစ်ဖက်တပ်သား ထောင်သောင်းချီ ချထားမှုရှိနေကြသည်။

News Photo-VOA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ